menu-iconlogo
huatong
huatong
avatar

ပန်းခရမ်းပြာ

ခင်ဝမ်းhuatong
🌟ayekyaw🌟🙇[အူအူး]huatong
歌詞
作品
ပန်းခရမ်းပြာ

ခင်ဝမ်း

နေဝင်ချိန်

ရောင်စုံတိမ်များရွေ့နေ

စိမ်းမြမြမြက်ခင်း

တုပြိုင်ပြုံးလိုက်

ကြည်ပြာကန်

ကာရံဆော့ကစားပြေးနေ

အရိုင်းလှိုင်းကြက်ခွပ်များ

တုပြိုင်ယိမ်းလိုက်

ပန်းခရမ်းပြာဗေဒါလည်း

ကမ်းစပ်နားမှာငြိတွယ်

နန်းတံတားဖြူနေရာလေး

တေးသံလွမ်းစေကွယ်

ငြိမ်းအေးရာဖွေရှာရင်း

မိနိးမေငေးကာကြည့်နေ

ပိန်းပိတ်အောင်မမှောင်ခင်လေး

ဆည်းဆာအလှဖြာဝေ

ရတနာမြိုင်

သံပြိုင်ပွင့်ဆန်းပွင့်ဝေ

သင်းပျံ့ပျံ့ရနံ့များ

လွမ်းခြုံထွေးပိုက်

လေပြေအလာ

ကေသာလွန့်လူးလွင့်နေ

လှမ်းလျှောက်လို့လာရင်း

ငုံ့ကာကြည့်လိုက်

ပန်းခရမ်းပြာဗေဒါလည်း

ကမ်းစပ်နားမှာငြိတွယ်

နန်းတံတားဖြူနေရာလေး

တေးသံလွမ်းစေကွယ်

ငြိမ်းအေးရာဖွေရှာရင်း

မိနိးမေငေးကာကြည့်နေ

ပိန်းပိတ်အောင်မမှောင်ခင်လေး

ဆည်းဆာအလှဖြာဝေ

လာလာလာလာလာလာလာ

လာလာလာလာလာလာလာ

ပန်းခရမ်းပြာဗေဒါလည်း

ကမ်းစပ်နားမှာငြိတွယ်

နန်းတံတားဖြူနေရာလေး

တေးသံလွမ်းစေကွယ်

ငြိမ်းအေးရာဖွေရှာရင်း

မိနိးမေငေးကာကြည့်နေ

ပိန်းပိတ်အောင်မမှောင်ခင်လေး

ဆည်းဆာအလှဖြာဝေ

လာလာလာလာလာလာလာ

လာလာလာလာလာလာလာ

更多ခင်ဝမ်း熱歌

查看全部logo