မေတ္တာစေကျွန်
တေးရေး / စန္ဒရားလှထွဋ်
တေးဆို / ဂရေဟမ်
မေတ္တာစေကျွန် သစ္စာဝန်ထမ်း
စခန်းအဆင့်ဆင့်ကမ္ဘာကုန်စေ
ဆောင်းနွေမိုးဆက် နေ့ရက်တာရှည်
ပျောက်သောသူကြာလေမမေ့ပေ
တစ်ယောက်သောသူခင့်ကိုသာရှာဖွေ..
မေတ္တာစေကျွန် သစ္စာဝန်ထမ်း
စခန်းအဆင့်ဆင့်ကမ္ဘာကုန်စေ...
ဆောင်းနွေမိုးဆက် နေ့ရက်တာရှည်
ပျောက်သောသူကြာလေမမေ့ပေ
တစ်ယောက်သောသူခင့်ကိုသာရှာဖွ. .
ဘယ်ဆီရှောင်ရှား..နေ
မောင့်ရဲ့ပပြားရွှေကြူရေ.
လေယူတိမ်းယိမ်း.လဲ့မြစိမ်းပင်တိုင်နန်း.က
မုသားဧကရီမောင့်အရှင်သခင်မရေ
တွေဝေရောင်မှားနေ
မောင့်ရဲ့အသည်းဗျာပါဗွေ
ရှောင်ဖယ်တိမ်းစိမ်းရက်ပေ
လှည့်စားချက်သုံးစကားကို
ယုံစားကာလေမဆုံးနိုင်သံသရာရှည်
ရေမြေဆုံးလို့ ..တောတောင်အနှံ့ဖွေ
အားကငယ်ပေမုန်းနိုင်ပါစေလေ.
သိလျက်နဲ့အချစ်ဝိဘတ်လို့များ.ဆိုကြပါစေ
ကြယ်ကြွေရာလည်ကာကောက်သလို
တစ်ယောက်သောသူခင့်ကိုသာရှာဖွေ
မေတ္တာစေကျွန်သစ္စာဝန်ထမ်း
စခန်းအဆင့်ဆင့်ကမ္ဘာကုန်စေ
ဆောင်းနွေမိုးဆက်..နေ့ရက်တာရှည်
ပျောက်သောသူကြာလေမမေ့ပေ
တစ်ယောက်သောသူခင့်ကိုသာရှာဖွေ
တွေဝေရောင်မှားနေ
မောင့်ရဲ့အသည်းဗျာပါဗွေ
ရှောင်ဖယ်တိမ်းစိမ်းရက်ပေ
လှည့်စားချက်သုံးစကားကို
ယုံစားကာလေမဆုံးနိုင်သံသရာရှည်
ရေမြေဆုံးလို့ ..တောတောင်အနှံ့ဖွေ
အားကငယ်ပေ..မုန်းနိုင်ပါစေလေ
သိလျက်နဲ့.အချစ်ဝိဘတ်လို့များ..ဆိုကြပါစေ
ကြယ်ကြွေရာလည်ကာကောက်သလို
တစ်ယောက်သောသူခင့်ကိုသာရှာဖွေ
ရွှင်လန်းချမ်းမြေ့ကြပါစေ..