menu-iconlogo
huatong
huatong
avatar

မြစမ်းကြည်လေးရေ

စိုးလွင်လွင်huatong
𝑶𝒉ㅤ𝑴𝒚ㅤ𝑪𝒓𝒖𝒔𝒉huatong
歌詞
作品
မြစမ်းကြည်လေးရေ

တေးဆို/စိုးလွင်လွင်

Music Time 22sc

ဝေသာလီဗျိုင်းကလေးများ မိုးသားထဲအုပ်ဖွဲ့ပျံနေတယ်

နေမင်းရထားစက် အနောက်ဘက်သို့

တရွေ့ရွေ့နှင်လေတယ်

ရေကြက်ခွပ်လို့ လှိုင်းခင်းတဲ့

မြစ်ဆိပ်သောင်ပြင်မယ်

ကိုယ်တစ်ယောက်တည်း အတွေးနဲ့ငေးမိတယ်

ဆံပင်ရှည်ရှည် အသားညက်ညက်

ပါးချိုင့်ခွက်နဲ့ မိန်းကလေးငယ်ကိုကွယ်

ရေလှိုင်းကြားက ဝိုးတဝါးနဲ့

အတွေးထဲမြင်ယောင်တယ်

အတိတ်မိုးသားထဲ တို့နှစ်ယောက်ရဲ့

သက္ကရာဇ်တိမ်တွေရယ်

ဘယ်ကမ္ဘာဆီများ ဝေးလွင့်သွားခဲ့တယ်

လေထဲမှာဆံပင်တွေ မျောလွင့်လို့နေတယ်

ရေလှိုင်းတွေဘောင်ဘင် ရိုက်ခတ်လို့နေတယ်

မြစမ်းကြည် ပြန်လည်တမ်းတမိပါတယ်

ဟိုအဝေးဆီ စေတီကလေးကို ကိုယ်ဖူးမြင်တယ်

ဆည်းလည်းသံတွေ ကြားရပြန်တယ်...

Music Time 1:58sc

တူနှစ်ကိုယ်အသည်း အသက်နဲ့ရင်းနှီး၍

ချစ်ခဲ့ချိန်တွေမယ်

သူပြောခဲ့တဲ့ စကားလေးများ

နားထဲကျန်နေတယ်

အခုများတော့ဖြင့် ကိုယ်တစ်ယောက်တည်း

ဆွေးမြည့်လွင်ပြင်မယ်

ပြန်မလာနိုင်တဲ့လမ်းက မိန်းကလေးရယ်

မြေနီရောင်လမ်းကလေးက

ဟိုတုန်းကအတိုင်းပဲ ကျန်နေတယ်

ရွာတန်းကလေးလည်း

ဟိုးတုန်းကအတိုင်းပဲ ကျန်နေတယ်

ရေလှိုင်းများနဲ့ ကမ်းစပ်က

အုန်းတောခြံတွေရယ်

မဆုံနိုင်သူတို့ သိပ်ချစ်ခဲ့ကြတယ်

ရွာတန်းရှည် သောင်ပြင်သဲကမ်းစပ်ဆီမယ်

ကြေကွဲစရာပုံပြင်လေး တစ်ပုဒ်ရှိပါတယ်

နှစ်များစွာကြာရှည်လေး မြင့်ခဲ့ပြီကွယ်

မြစမ်းကြည်

ကိုယ်ဘယ်လိုမေ့နိုင်မှာလည်း မေရယ်

လှိုင်းပုတ်သံတွေ ခြောက်လှန့်နေတယ်...

Music Time 3:33sc

ဝေသာလီဗျိုင်းကလေးများ မိုးသားထဲအုပ်ဖွဲ့ပျံနေတယ်

နေမင်းရထားစက် အနောက်ဘက်သို့

တရွေ့ရွေ့နှင်လေတယ်

ရေကြက်ခွပ်လို့ လှိုင်းခင်းတဲ့

မြစ်ဆိပ်သောင်ပြင်မယ်

ကိုယ်တစ်ယောက်တည်း အတွေးနဲ့ငေးမိတယ်

ဆံပင်ရှည်ရှည် အသားညက်ညက်

ပါးချိုင့်ခွက်နဲ့ မိန်းကလေးငယ်ကိုကွယ်

ရေလှိုင်းကြားကဝိုးတဝါးနဲ့

အတွေးထဲမြင်ယောင်တယ်

အတိတ်မိုးသားထဲ တို့နှစ်ယောက်ရဲ့

သက္ကရာဇ်တိမ်တွေရယ်

ဘယ်ကမ္ဘာဆီများ ဝေးလွင့်သွားခဲ့တယ်

လေထဲမှာဆံပင်တွေ မျောလွင့်လို့နေတယ်

ရေလှိုင်းတွေဘောင်ဘင် ရိုက်ခတ်လို့နေတယ်

မြစမ်းကြည် ပြန်လည်တမ်းတမိပါတယ်...

ဟိုအဝေးဆီ စေတီကလေးကို ကိုယ်ဖူးမြင်တယ်

ဆည်းလည်းသံတွေ ကြားရပြန်တယ်...

အားလုံးကိုကျေးဇူးတင်ပါသည်...

更多စိုးလွင်လွင်熱歌

查看全部logo

猜你喜歡