menu-iconlogo
huatong
huatong
avatar

သည်နွေမိုးဆောင်းပြောင်းသော်လည်း KaraokeVersion

စန္ဒယားချစ်ဆွေhuatong
L🅰️Y🎩S🅾️Ehuatong
歌詞
作品
သည်နွေမိုးဆောင်းပြောင်းသော်လည်း

စန္ဒယားချစ်ဆွေ

ရွက်ဝါကြွေလူး.. နွေမူး..မူးဝယ်

ပုရစ်ဖူးဝေ၍

ဖူးငုံစီမျှ ပွင့်သည့် လကို

မျှော်တလေသည့် ကိုယ့်အဖြစ်များ..

မခေါ်သာ မျှော်ပါလေတိုင်း

စိတ်ရိုင်းတွေ ထင်လာ အသဲဝယ်

သူ့ကိုပဲ သတိရခြင်းက

ရင်မှာ ကုဋေကုဋာ

ပြန်လည်တသ မေ့မရသည်သာကွယ်

ရွက်ဝါကြွေလူး နွေမူး..မူးဝယ်

ပုရစ်ဖူးဝေ၍

ဖူးငုံစီမျှ ပွင့်သည့် လကို

မျှော်တလေသည့် ကိုယ့်အဖြစ်များ..

မခေါ်သာ မျှော်ပါလေတိုင်း..

စိတ်ရိုင်းတွေ ထင်လာ အသဲ..ဝယ်

သူ့ကိုပဲ သတိရခြင်းက

ရင်မှာ ကုဋေကုဋာ

ပြန်လည်တသ မေ့မရသည်သာကွယ်

နှင်းသာမိုး နဲ့

နေကိုကွယ်၍သာ

စွေရွာမစဲ ပျော်နိုင်ပဲကွယ်

သီးခိုင်ပွင့်ငုံ ပန်းမျိုးစုံတို့

ပွင့်ကြလေလဲ သည်းနဲ့ကိုယ်ရယ်

ဘယ်အတွက်ကယ် မဆုံလေသလဲ

ကိုယ့်ရင်ထဲ တွေးဘဲတွေးတတ်နိုင်ဘူးကွယ်

ချမ်းဆောင်မြမြ သောကာလဝယ်

နှင်းမြူမှုန်ဖွေး..ဖွေး

သူ့မျက်နှာ တရေးရေး

မြင်ယောင်မိပါသေး.....တယ်

မြင်ယောင်မိပါသေး တယ်

အတွေးနဲ့လွင့်ပါး နှင်းဆမ်းသောလမ်းဝယ်

မမောမပန်း

လျှောက်လှမ်းခဲ့ကြသော်လည်းကွယ်

နှင်းပန်းနဲ့အတူ ပျောက်ကွယ်ပြန်တယ်

သည်နွေ သည်မိုး သည်ဆောင်း

ပြောင်းသော်လဲ မမေ့ဘူး အချစ်ဦးရယ်

ရွက်ဝါကြွေလူး နွေမူး..မူးဝယ်

ပုရစ်ဖူးဝေ၍

ဖူးငုံစီမျှ ပွင့်သည့် လကို

မျှော်တလေသည့် ကိုယ့်အဖြစ်များ

မခေါ်သာ မျှော်ပါလေတိုင်း

စိတ်ရိုင်းတွေ ထင်လာ အသည်းဝယ်

သူ့ကိုပဲ သတိရခြင်းက

ရင်မှာ ကုဋေကုဋာ

ပြန်လည်တသ မေ့မရသည်သာကွယ်

နှင်းသာမိုး နဲ့

နေကိုကွယ်၍သာ

စွေရွာမစဲ ပျော်နိုင်ပဲကွယ်

သီးခိုင်ပွင့်ငုံ ပန်းမျိုးစုံတို့

ပွင့်ကြလေလဲသည်းနဲ့ကိုယ်ရယ်

ဘယ်အတွက်ကယ် မဆုံလေသလဲ

ကိုယ့်ရင်ထဲ တွေးဘဲတွေးတတ်နိုင်ဘူးကွယ်

ချမ်းဆောင်းမြမြ သောကာလဝယ်

နှင်းမြူမှုန်ဖွေးဖွေး သူ့မျက်နှာ တရေးရေး

မြင်ယောင်မိပါသေး.....မြင်ယောင်မိပါသေး

အတွေးနဲ့လွင့်ပါး

နှင်းဆမ်းသောလမ်းဝယ်

မမောမပန်း

လျှောက်လှမ်းခဲ့ကြသော်လည်းကွယ်

နှင်းပန်းနဲ့အတူ ပျောက်ကွယ်ပြန်တယ်

သည်နွေ သည်မိုး သည်ဆောင်း

ပြောင်းသော်လဲ မမေ့ဘူး အချစ်ဦးရယ်

ကျေးဇူးတင်ပါတယ်(လေးစိုး)

更多စန္ဒယားချစ်ဆွေ熱歌

查看全部logo