ကျေးဇူးပါမေမေ
uploade NINE
အမေ့ရင်ကို ခေါင်းနဲ့ ခွေ့ပြီး
ငယ်တုန်းကကွယ်
ပိုက်ဆံကို မုန့်တွေ ဝယ်ဖို့
အလွယ်လေးတောင်းတယ်
အခုအခါမှာ အမေ့ရဲ့ရင်ခွင်
ကျွန်တော် လွမ်းတယ်
ကျေးဇူးမေမေ
ကျေးဇူးပါမေမေ
နေ့စဉ်မှာ ပိုက်ဆံထွက်မြဲ
ရှာတော့မလွယ်
ချွေးစိုကာ သည်းလှိုက် ပင်ပန်း
နွမ်းမောဖွယ်
ဘဝသံသရာ ရထားလေးပေါ်က
လူသားကျွန်တော်
ကျေးဇူးမေမေ
ကျေးဇူးပါမေမေ
သားလေ
ဟိုအရင် တုန်းက လို့တော့
မမိုက်ဘူး အမေ အိုး...
ယဉ်ယဉ် ကျေးကျေး
စကား ဆိုတတ်နေ အိုး...
ငွေကို ခြစ်ချုပ် စုပြီး
ဘဝလေးဆောက်နေ
ကျေးဇူးမေမေ
ကျေးဇူးပါမေမေ
ကျွန်တော့်မေမေ
အသက်ရာကျော်ဖို့
ဆုတောင်းနေ
ကျွန်တော့်မေမေ
ပန်းကြာရေတွေ့ရွှင်လန်းစေ
ကြီးလေလေ မိဘအချစ်တရား
ပိုသိလေ
ကျေးဇူးမေမေ
ကျေးဇူးပါမေမေ
သားလေ
ဟိုအရင် တုန်းက လို့တော့
မမိုက်ဘူး အမေ အိုး...
ယဉ်ယဉ် ကျေးကျေး
စကားဆို တက်နေ အိုး...
ငွေကို ခြစ်ချုပ် စုပြီး
ဘဝလေးဆောက်နေ
ကျေးဇူးမေမေ
ကျေးဇူးပါမေမေ
သားလေ
ဟိုအရင် တုန်းက လို့တော့
မမိုက်ဘူးအမေ အိုး...
ယဉ်ယဉ် ကျေးကျေး
စကားဆိုတတ်နေ အိုး...
ငွေကို ခြစ်ချုပ် စုပြီး
ဘဝလေးဆောက်နေ
ကျေးဇူးမေမေ
ကျေးဇူးပါမေမေ
uploade NINE