မေမေချစ်တဲ့သားကြီး
အဲလက်စ်
ထူးအိမ်သင်
မေမေ ရွှေရောင်နှလုံးသား ချစ်ခြင်းမေတ္တာ စုစည်းကာ
စီးဆင်းမြဲ အဆိုး အကောင်း လား သားတို့ အပေါ် မရွေး ဘူး
မလိုချင် နေ မယူချင်နေ မိုးများလို ရွာသွန်းမြဲ
အားလုံးအချစ်ထက် ကြည်အေးတဲ့အချစ် အဝေးခရီးစီးခဲ့လေတယ်
မေမေချစ်တဲ့သားကြီး အဝေးဆီ ရောက်နေပြီ
အချစ်များနဲ့ ရည်စူးတဲ့စိတ် အမြဲတမ်းဦးညွှတ်ပြီး
မေမေစိတ်ချမ်းသာကြောင်း ရင်မှာ တောင်းဆု ချွေသောအချစ်
မေမေချစ်တဲ့ သားကြီး သီချင်းဖွဲ့လေပြီ
အိုး မွေးအမေ ဒီသီချင်းလေး အချစ်ဆုံးပန်းကို ပန်ခဲ့ပြီး
ပြုမိသော သားတို့အဆိုး ခွင့်လွှတ်ပါမေမေ
မပြေနိုင်သော ဆပ်မကုန်နိုင်သေ ာမေမေကျေးဇူးပြန်တွေးပြီး
ခရီးကြမ်းထက် လှမ်းလျှောက်ရင်း ကျွန်တော်ဆပ်ခဲ့ပါမယ်
မေမေချစ်တဲ့သားကြီး အဝေးဆီ ရောက်နေပြီ
အချစ်များနဲ့ ရည်စူးတဲ့စိတ် အမြဲတမ်းဦးညွှတ်ပြီး
မေမေစိတ်ချမ်းသာကြောင်း ရင်မှာ တောင်းဆု ချွေသောအချစ်
မေမေချစ်တဲ့ သားကြီး သီချင်းဖွဲ့လေပြီ
ချစ်တဲ့ အမေ့ရဲ့ သားကြီး သီချင်းတွေဖွဲ့နေပြီ...