menu-iconlogo
huatong
huatong
avatar

သွ်ီ

နန္ဒဧရာhuatong
pelsenpeterhuatong
歌詞
作品
သီချင်း - သျှီ

တေးဆို - နန္ဒဧရာ

သျှီ ညကျမှိုင်း ကြယ်ရောင်ဖွေး

သူကလေးငေး

သျှီ တောင်ကုန်းအဝေး

ဤရှုခင်း အပြေပြစ်ဆုံး

နှင်းများဖွေးကျ ငွေရောင်လှိုင်း

တေးသားလွင့်ပျံ့ ဖြာ‌ဝေဆိုင်း

အမြဲပဲတွေ့ရ အပျိုစင်အရိုင်း

အသင်ပျော်စံရာ ဘုံကမ္ဘာနန်း

သျှီ လ၀န်းခရီးထဲ

ဆံစအလွမ်း အလွန်ထူးဆန်း

သျှီ သင်မသိဘဲနဲ့

ကျုပ်လွမ်းစဲ လေရူးထဲ

သျှီ ပြန်ခဲ့တော့လို့

ဆုတောင်းစဲ တောင်ကုန်းနားဘေး

သျှီ မှော်အစွမ်းနဲ့

အသင်ပြုစား ကျုပ်နှလုံးသား

သျှီ ကျုပ်အသည်းများ

ပူဇော်ထား တောင်ကုန်းနားဘေး

ရိုးသားမှုနဲ့ ချိုနှုတ်စကား

သစ်ခုတ်သမားရဲ့အိပ်မက်များ

အသိအမှတ်မပြုခဲ့ အသင်ရှောင်ရှား

နေညိုချိန်မှာ ဝိဥာဥ်အလွမ်း

သျှီ ပျောက်ဆုံးသွားခဲ့

ကမ္ဘာစွန်းအဝေး နွေရက်များ

သျှီ သင်မသိဘဲနဲ့

ကျုပ်လွမ်းစဲ လေရူးထဲ

သျှီ ပြန်ခဲ့တော့လို့

ဆုတောင်းစဲ တောင်ကုန်းနားဘေး

更多နန္ဒဧရာ熱歌

查看全部logo