menu-iconlogo
huatong
huatong
avatar

စွမ်းအား အချစ်စွမ်းအား

နန်းကလျာအောင်huatong
ritchan6huatong
歌詞
作品
စွမ်းအား အချစ်စွမ်းအား

တေးရေး ထွဏ်းခမ်း

နန်းကလျာအောင်

(Covered Nan Kalayar Aung)

ဂရေဟမ် တင်ဇာမော်

အေးစက်သွားတဲ့ ငါ့နှလုံးသား

မင်းနဲ့ တွေ့မှ နိုး..လာတယ်

ကွဲအက်သွားတဲ့ အသည်းဒဏ်ရာ

မင်းရဲ့လက်နဲ့ ပျောက်ကုန်ပြီ

ဟောင်းနွမ်း ခဲ့တဲ့ အိပ်မက်များ

အေးစက် မဲမှောင် ငါ့ညများ

အိပ်မက် သစ်တွေ မွေးဖွားလို့ 

ရင်ကို နွေးထွေးသွား

အကြင်နာ ည..များ လင်းလက်သွား

သွေးကြောထဲမှာ လည်ပတ်နေ

မင်းလေးပေးတဲ့ အားအင်တွေ

ကိုယ့်ဘ၀ရဲ့အနက် အဓိပ္ပာယ်ဟာ

မင်းတစ်ယောက် ထဲ...အတွက်

ဖြစ်လာတယ်....အိုး...

ဘ၀ရဲ့ ခရီးကို အတူလျှောက်မယ်

ဆင်းရဲ ချမ်းသာ မျှဝေမယ်

အားပေးနားလည် ချစ်သူရေ

သေချာတဲ့ အဖြေဟာ

ကိုယ်နဲ့ မင်းနဲ့ မခွဲတော့ဘူး

အရာရာ ပိုင်ဆိုင် သမျှ

အားလုံး မင်းအတွက်

စိတ်နဲ့ ခန္ဓာ အကုန်လုံးပဲ

ယုံကြည် နားလည်မှု

ရှင်သန် နေမယ် ချစ်ခြင်းများ ..

ဒဏ်ရာတွေ မရှိဘူး

ကိုယ့်ရဲ့ နံဘေးနား

မင်းရှိနေရင် ရင်...ဆိုင် ရဲတယ်

အန္တရာယ် အားလုံး နင်းဖြတ်သွားမယ်

အချစ် စွမ်းအား....

ဟိုးးးအချစ်..

သွေးကြောထဲမှာ လည်ပတ်နေ

မင်းလေးပေးတဲ့ အားအင်တွေ

ကိုယ့်ဘ၀ရဲ့အနက် အဓိပ္ပာယ်ဟာ

မင်းတစ်ယောက် ထဲ...အတွက်

ဖြစ်လာတယ်....အိုး...

ဘ၀ရဲ့ ခရီးကို အတူလျှောက်မယ်

ဆင်းရဲ ချမ်းသာ မျှဝေမယ်

အားပေးနားလည် ချစ်သူရေ

သေချာတဲ့ အဖြေဟာ

ကိုယ်နဲ့ မင်းနဲ့ မခွဲတော့ဘူး

အရာရာ ပိုင်ဆိုင် သမျှ

အားလုံး မင်းအတွက်

စိတ်နဲ့ ခန္ဓာ အကုန်လုံးပဲ

ယုံကြည် နားလည်မှု

ရှင်သန် နေမယ် ချစ်ခြင်းများ ..

ဒဏ်ရာတွေ မရှိဘူး

ကိုယ့်ရဲ့ နံဘေးနား

မင်းရှိနေရင် ရင်...ဆိုင် ရဲတယ်

အန္တရာယ် အားလုံး နင်းဖြတ်သွားမယ်

အချစ် စွမ်းအား....

ဒီတစ်ယောက်ထဲပဲ လက်တွဲသွားမယ်

တစ်သက်လုံးပဲ...

အိုးးး အချစ်

အချစ်နဲ့ ဘဝကို တည်ဆောက်မယ်

ပေးဆပ်ခြင်းနဲ့ ရယူမယ်

စိတ်ချလိုက်ပါ ချစ်သူရယ်

သေချာတဲ့အဖြေဟာ

ကိုယ်နဲ့မင်းနဲ့ မခွဲ တော့...ဘူး ...

ကျေးဇူးတင်ပါသည်

更多နန်းကလျာအောင်熱歌

查看全部logo