menu-iconlogo
huatong
huatong
avatar

မောင်ပေါက်ကျိုင်းလိုလူစား

နီနီဝင်းရွှေhuatong
AyeKyaw(အူအူး)huatong
歌詞
作品
မောင်ပေါက်ကျိုင်းလိုလူစား

နီနီဝင်းရွှေ

Introး

ထောင်တန်တဲ့စကား...

ကျွန်မပြောတာများ

နားထောင်မလားရှင်

တကောင်းခေတ်.... ရာဇဝင်

မောင်ပေါက်ကျိုင်းကတော့

မေးပါများရင် စကားလည်းရသတဲရှင်

သွားပါများခရီးရောက်သတဲ့

ခရီးပေါက်သတဲ့ရှင် ရှင့်

မအိပ်မနေ အသက်ရှည်ပါသတဲ့

မောင်ပေါက်ကျိုင်းရာဇဝင်

နဂါးနိုင်မင်းပင်

ဖြစ်ခဲ့မဟုတ်လားရှင်

Music

နဂါးနိုင်မင်းတော့

မောင်ဖြစ်လိမ့်မယ်မထင်

ဇာတ်မင်းသားကြီးလို

နန်းဝတ်နန်းစားကြီးနဲ့ဆို

တကယ့်ကိုရီစရာကောင်းတယ်

ရီစရာကောင်းတယ်ရှင်

ကျွန်မစကားကို မောင်နားထောင်ရင်

နဂါးနိုင်မင်းမဖြစ်ပေမယ့်

ကျွန်မကိုနိုင်မယ့်

မယားနိုင်မင်းတော့ဖြစ်မှာဧကန်ပင်

အို...မေးပါများစကားရပေမယ့်

ရွယ်တူ မိန်းကလေး လှလှတွေနဲ့

စကားမပြောရပါဘူးရှင်

ကျားကြောက်လို့ ရှင်ကြီးကိုး

ကျားထက်ပင်ဆိုးမယ့်ဟန်ပြင်

သွားပါများခရီးရောက်ပေမယ်

လည်တာသွားတာ တားရမယ်ရှင့်

အို... မအိပ်မနေအသက်ရှည်

ဒီစကားတွေ တကယ့်ကိုမှန်စေ

အချိန်မှန်မှန်အိပ်ရမယ်ရှင်

အချိန်မှန်မှန်စားရမယ်ရှင်

ဒီစကားကြီး သုံးခွန်းကိုတော့

တည်စမ်းပါ့ရှင်

ဒီစကားကြီး သုံးခွန်းကိုတော့

တည်စမ်းခဲ့လျှင်

သက်ဆုံးချစ်မယ်ရှင့်

မိန်းမလှလေးဆို စကားတွေမချိုနဲ့

အရပ်တကာသွားတာလျှော့ပါမောင်ရဲ့

အချိန်နဲ့စားပါ အိပ်ပါမောင်ရဲ့

သဝန်ကြောင်တာ မဟုတ်ဘူးရှင်

ကျွန်မကြင်နာတဲ့ သခင်

သဝန်ကြောင်တာ မဟုတ်ဘူးရှင်

ကျွန်မတွယ်တာတဲ့ သခင်

အိမ်ထောင်ရေးမှာ အရေးကြီးတာမို့

မောင်နားထောင်ဖို့ပြင်

အိမ်ထောင်ရေးမှာအရေးကြီးတာမို့

ရှင်နားထောင်ဖို့ပြင်

မိန်းမသားတွေရဲ့ အမြင်

တွယ်တာစရာ တစ်ဦးတည်းချစ်လျှင်

အားကိုးရ ပေါင်းရတယ်ရှင့်

Music

အို...မေးပါများရင်စကားရပေမယ့်

ရွယ်တူ မိန်းကလေးလှလှတွေနဲ့

စကားမပြောရပါဘူးရှင်

ကျားကြောက်လို့ ရှင်ကြီးကိုး

ကျားထက်ပင်ဆိုးမယ့်ဟန်ပြင်

သွားပါများခရီးရောက်ပေမယ်

လည်တာသွားတာ တားရမယ်ရှင်

အို... မအိပ်မနေအသက်ရှည်

ဒီစကားတွေ တကယ့်ကိုမှန်စေ

အချိန်မှန်မှန်အိပ်ရမယ်ရှင်

အချိန်မှန်မှန်စားရမယ်ရှင့်

နဂါးနိုင်မင်းတော့

မောင်ဖြစ်လိမ့်မယ်မထင်

ဇာတ်မင်းသားကြီးလို

နန်းဝတ်နန်းစားကြီးနဲ့ဆို

တကယ့်ကိုရီစရာကောင်းတယ်

ရီစရာကောင်းတယ်ရှင်

ကျွန်မစကားကို မောင်နားထောင်ရင်

နဂါးနိုင်မင်းမဖြစ်ပေမယ့်

ကျွန်မကိုနိုင်မယ့်

မယားနိုင်မင်းတော့ဖြစ်မှာ ဧကန်ပင်

By AyeKyaw greentiger

更多နီနီဝင်းရွှေ熱歌

查看全部logo