သာပါလိမ့်မယ်ရွှေကျီးညို
ရေး ပန်တျာချစ်လှိုင်
1မျှော်ရှာပြီ ထင်ပါလေရဲ့
ပြန်လာမယ့်ရက်ကို ရက်ကို
တွက်ခါဆို လက်ရေချိုး
တစ်မိုးနှောင်းတစ်ဆောင်းသစ်ရင်ဖြင့်
မောင်ပြန်ချိန်သင့်ရင်တော့ဆို
မှာတမ်းစာများရေးဖို့မလို
အခါခါခွန်းချို
သာပါလိမ့်မယ်ရွှေကျီးညို
2မျှော်ရှာပြီ ထင်ပါလေရဲ့
ပြန်လာမယ့်ရက်ကို ရက်ကို
တွက်ခါဆို လက်ရေချိုး
တစ်မိုးနှောင်းတစ်ဆောင်းသစ်ရင်ဖြင့်
မောင်ပြန်ချိန်သင့်ရင်တော့ဆို
မှာတမ်းစာများရေးဖို့မလို
အခါခါခွန်းချို
သာပါလိမ့်မယ်ရွှေကျီးညို
1မနက်လာမှာလားဆို
နေ့လည်ရောက်မှာလားဆို
ညနေချိန်လာမှာလားလို့
ဗျာများနေစရာမလို..
2မနက်လာမှာလားဆို
နေ့လည်ရောက်မှာလားဆို
ညနေချိန်လာမှာလားလို့
ဗျာများနေစရာမလို..
1သူနားနေရာကို
မေသွားကာအစာကျွေးလို့
မေးလိုရာမေး
ဖြေကြားပါလိမ့်မယ်ကွဲ့ပျို
မောင်ပြန်ရောက်ချိန်ကို
မောင်ပြန်ရောက်ချိန်ကို
မျှော်တဲ့သူပျို
မှာတမ်းစာများရေးဖို့မလို
အခါခါခွန်းချို
သာပါလိမ့်မယ်ရွှေကျီးညို
1 အချိန်ရာသီ
ကြာညောင်းပြန်တော့
အလာနှောင်းတယ်လို့
အပြစ်တော်တင်မှာလားပျို
မောင်လည်းမေ့လို
နေ့စဉ်ပဲလွမ်းစိတ်ပို
2 အချိန်ရာသီ
ကြာညောင်းပြန်တော့
အလာနှောင်းတယ်လို့
အပြစ်တော်တင်မှာလားပျို
မောင်လည်းမေ့လို
နေ့စဉ်ပဲလွမ်းစိတ်ပို
1 မျှော် မျှော်
မျှော်လေတိုင်း..
မှိုင်းမှိုင်းရယ်ဆို..
ပြန်ရက်ကို
အကြံခက်လို့ဆွေးစိတ်ပို
တွေးတထိတ်ထိတ် ရင်တဖိုဖို
မြင်သလိုလို မေ့မျက်နှာလေးကို
2 မျှော် မျှော်
မျှော်လေတိုင်း..
မှိုင်းမှိုင်းရယ်ဆို..
ပြန်ရက်ကို
အကြံခက်လို့ဆွေးစိတ်ပို
တွေးတထိတ်ထိတ် ရင်တဖိုဖို
မြင်သလိုလို မေ့မျက်နှာလေးကို
မေသိစေချင်တဲ့
မောင်ပြန်ချိန်ဆို
အခါခါခွန်းချို
သာပါလိမ့်မယ်ရွှေကျီးညို
1 မျှော် မျှော်
မျှော်လေတိုင်း..
မှိုင်းမှိုင်းရယ်ဆို..
ပြန်ရက်ကို
အကြံခက်လို့ဆွေးစိတ်ပို
တွေးတထိတ်ထိတ် ရင်တဖိုဖို
မြင်သလိုလို မေ့မျက်နှာလေးကို
2 မျှော် မျှော်
မျှော်လေတိုင်း..
မှိုင်းမှိုင်းရယ်ဆို..
ပြန်ရက်ကို
အကြံခက်လို့ဆွေးစိတ်ပို
တွေးတထိတ်ထိတ် ရင်တဖိုဖို
မြင်သလိုလို မေ့မျက်နှာလေးကို
မေသိစေချင်တဲ့
မောင်ပြန်ချိန်ဆို
အခါခါခွန်းချို
သာပါလိမ့်မယ်ရွှေကျီးညို