menu-iconlogo
huatong
huatong
avatar

မိဘမဲ့

ပိုပိုhuatong
🤓koHeiñ🇲🇲huatong
歌詞
作品
မိဘမဲ့ - ပိုပို

သက်ဆိုင်များအားလုံးကို Credit ပေးပါသည်

ဥမကွဲအသိုက်မပျက် နေချင်လဲ

မဖြစ်နိုင်တော့ဘူး ဘ၀အခြေအနေ

ဘယ်လိုဝဋ်ကြွေး အကြောင်းကံလည်း

တို့ဘ၀များစွာရယ်

ရက်စက်လွန်းကံကြမ္မာကြောင့်ရယ်

မိသားစုလေးများတွေ့ရင်ကွယ်

ရင်မှာကြိတ်ပြီးအားကျရတယ်

ဒါကိုဘယ်သူသိမလဲ

လေမုန်တိုင်းတွေတိုက်တဲ့အခါ

ဘယ်ရင်ခွင်မှာ ခိုနားမလဲ

ကိုယ်ထူကိုယ်ထကိုယ့်တစ်ယောက်ထဲသာ

အသက်ရှင်နေရင်းနဲ့

ငို...သံ များစွာနဲ့

မနေချင်ပါဘူးကွယ်

အေးစက်လွန်းတယ် မေတ္တာမဲ့မိုးရယ်

အဖေအမေရှိချင်တယ်

ကြမ်းတမ်းလွန်းတယ်

ဘ၀ခရီးထဲ တစ်ယောက်တည်းမို့

အားငယ်နေမိတယ်

ကျောင်းသွားကျောင်းပြန်

တစ်ယောက်တည်းပဲ

တိတ်တဆိတ်ကြိတ်ငိုခဲ့သူမယ်

မသိစိတ်ထဲမှာ လိုက်ရှာတယ်

ဘယ်သူလာကြိုမလဲကွယ်

ဆုတောင်းတိုင်းပြည့်မယ်ဆိုရင်ကွယ်

မိသားစုလေးပဲရချင်တယ်

အကြင်နာတွေပဲ တောင့်တမိတယ်

မေတ္တာငတ်လွန်းတယ်

ဒဏ်ရာများစွာရတဲ့အခါ

အဖေရယ်ကူဦးကွယ်

ပစ်ထားခဲ့တဲ့ အမေ့ကို

စိတ်မနာရက်ဘူးကွယ်

ဝဋ်ကြွေးများရှိရင်ကုန်ချင်ပါပြီကွယ်

နောက်ဘ၀ဆက်တိုင်းမှာ

ဒီအဖြစ်တွေလွဲပါရစေ

နေမင်းကြီးနဲ့ လမင်းကြီးလို

အလင်းပေးတတ်တဲ့

ခွန်အားများ ချစ်ခြင်းများ

အမြဲလိုချင်မိတယ်

သူများနဲ့ရန်ဖြစ်တဲ့အခါ

အနိုင်အမြဲကျင့်ခံရတယ်

သူတို့သားသမီးအမှားကိုဖုံးကွယ်ရင်း

တစ်ဖတ်သတ်အပြစ်ပြောကြတယ်

ဝဋ်ကြွေးများရှိရင်ကုန်ချင်ပါပြီကွယ်

နောက်ဘ၀ဆက်တိုင်းမှာ

ဒီအဖြစ်တွေလွဲပါရစေ

အဖေအမေရှိချင်တယ်

ကြမ်းတမ်းလွန်းတယ်

ဘ၀ခရီးထဲ တစ်ယောက်တည်းမို့

အားငယ်နေမိတယ်

ခိုနားဖို့ရာမဲ့ မိဘမဲ့ ကလေးများ

ဘယ်တော့မှ မဖြစ်ပါစေနဲ့ကွယ်

Thanks

更多ပိုပို熱歌

查看全部logo