menu-iconlogo
huatong
huatong
avatar

မောင်ကြီးခေါ်ရာ

ပိုးအိစံ/ရန်အောင်huatong
sprud63huatong
歌詞
作品
ရှေးရေစက်မကုန်

ဆုံစည်းခဲ့တဲ့ရွှေမြို့သူရယ်

လောကမြေကမ္ဘာပေါ်ဝယ်

ခင်တစ်ယောက်ပဲခင်တွယ်

မသွေတမ်းကြင်မယ့်ကြင်ဖက်သက်လျာ

ထာဝစဉ်ပါကွယ်တောကမောင်ကြီးမေတ္တာ

အလွန်ကြီးမားပါတယ်

ယုံပါကွယ်ပျိုပျိုရယ်

မောင်ခေါ်ရာလိုက်ခဲ့တော့ကွယ်

ရိုးရိုးသားသားနဲ့မောင်တို့တောဓလေ့

ပျော်မွှေ့လို့နေမယ်

ရှေးရေဆက်မကုန်ဆုံစည်းခဲ့တဲ့

မောင်ကြီးကိုကွယ်

လောကမြေကမ္ဘာပေါ်ဝယ်

မောင်တစ်ထဲခင်တယ်

မသွေတမ်းကြင်မယ်ြ့ကင်ဖက်သက်လျာ

ထာဝစဉ်ပါကွယ်

တောကမောင်ကြီးမေတ္တာပျိုလေးသိပါတယ်

ယုံပါတယ်မောင်မောင်ရယ်

မောင်ခေါ်ရာလိုက်ဖို့တော့ကွယ်

စဉ်းစားလို့ဖြင့်မောင်တို့တော့ဓလေ့

ပျော်မွေ့ဖို့မလွယ်တယ်

လိုက်တော့မူသင့်တဲ့ချစ်တဲ့သက်လည်

မောင်ကြီးမျက်ခြယ်

သဘောကျအောင်ထားပါ့မယ်မောင်ကြီးပျိုနှမရယ်

မလိုက်ချင်ပါဘူးကွယ်

တော့ဓလေ့ဖြင့်ပျော်မွေ့ဖို့မလွယ်

အစစအရာရာနွမ်းပါးလှတဲ့မောင်တို့ဒေသဝယ်

မြို့သူပျိုဖြူချောတောသားမို့

အထင်သေးသလားကွယ်

ခါးလှသလိုဝမ်းလဲဝအောင်လုပ်

ကျွေးနိုင်သပါ့ကွယ်

ကိုလူညိုချောတောသားမို့အထင်မသေးဝံ့တယ်

အားခွန်တွေကြီးမားသလောက်ကွယ်

ယောက်ျားပီသတယ်

မောင်ကြီးတို့စီမှာကွယ်

ယာမြေတစ်ဝှမ်းနဲ့လယ်ပြင်ကျယ်

ဖြာဝေဆန်းလို့ရွှင်လန်းစရာကွယ်

ငြိမ်းချမ်းမွေ့ကြဖွယ်

ပျိုလေးတို့စီမှာကွယ်

မော်တော်ကားနဲ့တဝီဝီလည်

မောင်ကြီးတို့ဆီကျကွယ်လှည်းကြမ်းစီးရမယ်

ဆိုးတယ်ရွံ့တယ်မောင်ရယ်ရွံ

့တွေဗွက်တွေပေမယ်

ပျိုမေနှမလေးကြောက်အားပိုလှတယ်

စိုးပါနဲ့ကွယ်မေရယ် စိုးပါနဲ့ကွယ်မေရယ်

ညာလက်ရှုံးနဲ့မောင်ကြီးလုပ်ကျွေးမယ်

မိုးကျရင်ပျိုးချမယ်ယာချိန်တန်ယာထွန်မယ်

လယ်ထွန်တုန်းနဲ့လယ်ခင်းယာခင်ဆင်းလို့ရယ်

လုပ်အားမနှေးပေးပါ့မယ်

ဒါမှသာလူသားတွေ

အသက်နဲ့ခန္ဓာစည်းစိမ်ချမ်းသာသုခပြည့်ကြမယ်

ဒီလိုဆိုပြန်တော့မောင်ကြီး

သဘောထားမြင်မြတ်ပါလှတယ်

စိတ်စေတနာသေချာတွေးမိပြီကွယ်

တောသူတောင်သားလယ်သမားတို့

ဂုဏ်ယူထိုက်စရာကောင်းလှတယ်

ဂုဏ်ယူထိုက်စရာကောင်းလှတယ်

ကိုင်းကျွန်းလယ်မြေရိုးရာဓလေ့ကိုခင်တွယ်

ကျေးဇူးရှင်မောင်ကြီးတို့နဲ့

အတူတွဲကာပဲမနှေးတမ်းကွယ်နွဲ့လို့ရယ်

လယ်မြေယာမြေဖြာဝေဆန်းအောင်

ထမ်းဆောင်မယ်

ယောက်ျားကောင်းပီသတဲ့မောင်ကြီးကိုကွယ်

ဆထက်ထမ်းပိုးတိုးလို့ချစ်မယ်ကွယ်

မောင်ခေါ်ရာလိုက်ခဲ့တော့ကွယ်

ရွှေမြို့သူလေးရယ်

ဌာနေကိုအောင်မေ့လို့ဖြင့်

မောင်ကြီးပြန်တော့မယ်

ဘယ်မကွာဘုန်းသက်ပိုင်ရယ်ဆုံးသက်တိုင်ကွယ်

ရိုးမြေမကျအောင်ပဲမောင်လဲမေ့ကိုကြင်နာမယ်

လိုက်ခဲ့ပါ့မောင်ကြီးနှမရယ်

သေအတူရှင်မကွာသစ္စာမေတ္တာပွားလို့ချစ်ပါ့မယ်

မောင်ခေါ်ရာလိုက်ခဲ့တော့မယ်

ယုံတော့မောင်ကြီးရယ်

စေတနာရိုးသားလွန်းတော့ချစ်အမွှန်းတင်ရမယ်

ဘယ်မကွာဆုံးသက်တိုင်ရွယ်

ပျို့သက်ပိုင်ရယ်

ရိုးမြေကျအောင်ပဲမေလဲမောင်ကိုကြင်နာမယ်

လိုက်ခဲ့မယ်မောင်ကြီးနဲ့ကွယ်

သေအတူရှင်မကွာ

သစ္စာမေတ္တာပွားလို့ချစ်ပါ့မယ်

更多ပိုးအိစံ/ရန်အောင်熱歌

查看全部logo