သီချင်း - သီတင်းကျွတ်မီးထွန်းပွဲတော်
တေးဆို - ပိုပို ft. စန္ဒီမြင့်လွင်
သီတင်းကျွတ်ည ဆီမီးများစွာ
ထွန်းခဲ့ကြ ငယ်ဘဝအမှတ်တရ
ကလေးဘဝအစ မီးပန်းများနဲ့မီးပုံးများ ..
လွှတ်ခဲ့ကြ မြို့တိုင်းရွာတိုင်းမှာ
ငယ်ငယ်တုန်းကလို ပျော်စရာကလေးဘဝကို
ပြန်လည်ကာ သတိရပါတယ်
အပူအပင်ကင်းမဲ့တဲ့ ပူဆာသလိုရခဲ့တဲ့
ဟိုတစ်ချိန်က ကလေးဘဝကိုငါလွမ်းတယ် ရေး...
တစ်ခါပြန်ရချင်မိတယ် ..
ညမှောင်မှောင် ကောင်းကင်ကြီးမှာ
မီးပုံးများဟာ ကြယ်ကလေးများနဲ့
တန်းတူ လှနေကြတယ်
မီးပုံးတွေဘယ်နှလုံးလဲ လိုက်ရေတွက်ရတာအမော
တစ်နှစ်မှတစ်လ တစ်လမှသုံးရက်ပါပဲကွယ်
ပျော်ရွှင်စရာကောင်းတဲ့ တို့ပွဲတော်ကြီးထဲ
ပျော် ပျော် ပျော်ရွှင်စရာပွဲတော် ..
အတူ တူ တူရွှင်ကာနွှဲပျော် ..
သီတင်းကျွတ်ပွဲတော် ..
ဟေ့ ဟေ့ ဒါဟာသီတင်းကျွတ်ပွဲတော်
ဟေ့ ဟေ့ ဒါဟာမီးထွန်းပွဲတော်
တို့ပျော်လို့ .... အိုး ..
ငါတို့ပျော်လို့ ... အိုး ..
သီတင်းကျွတ်ကျောင်းပိတ်ရက်ဆို
တို့တတွေပျော်လွန်းသည်
ဆရာတွေကိုကန်တော့မည်
ဆရာမက လိမ်လိမ်မာမာနေပါတဲ့
ကျောင်းပိတ်ရက်တွေ ကြည်နူးစရာကလေးဘဝ
အမှတ်တရအဖြစ်လေးများ
ဗျောက်အိုးတွေဖောက်မယ် ငရဲမီးတွေဆော့မယ်
ဖယောင်းတိုင်တွေထွန်းမယ်
လူကြီးတွေကိုကန်တော့မယ်
ပြီးရင်မုန့်ဖိုးများများတောင်းပြီး
မီးပုံးပျံတွေလွှတ်တယ်
မုန့်ဖိုးရဖို့ လူကြီးများကို
လိုက်ကန်တော့လို့ အပြစ်များခွင့်လွှတ်
တချို့ကတော့ ကောင်မလေးတွေကို
စနောက်လို့ သီတင်းကျွတ်အမှတ်တရများ ..
ချစ်သူတစ်ယောက်ကိုတွေ့ပြီထင်တယ်
သူ့ကိုကျွန်မရင်ထဲမှာတွယ်ငြိခဲ့
သီတင်းကျွတ်လပြည့်ညရယ် သူရယ်ကိုယ်ရယ်
ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲ
ပျော်ရွှင်ပါတယ် မင်းလက်တွဲ
သံယောဇဉ်ကြိုးတွေတိုးရင် တစ်သက်စာမင်းကို
ရည်ရွယ်ပြီးတော့ လက်ထပ်ဖို့စိတ်ကူးတယ်
ပျော် ပျော် ပျော်ရွှင်စရာပွဲတော် ..
အတူ တူ တူရွှင်ကာနွှဲပျော် ..
သီတင်းကျွတ်ပွဲတော် ..
ဟေ့ ဟေ့ ဒါဟာသီတင်းကျွတ်ပွဲတော်
ဟေ့ ဟေ့ ဒါဟာမီးထွန်းပွဲ တော်
တို့ပျော်လို့ .... အိုး ..
ငါတို့ပျော်လို့ ... အိုး ..
သီတင်းကျွတ်လပြည့်ညမှာ စတွေ့ခဲ့ရတာ
သူ့ရဲ့အပေါင်းအသင်းတွေကြားမှာ
သူကအချောဆုံးပါ
သူ့ဘက်ကရည်းစားစကားပြောတော့
ကျွန်မရင်ခုန်သံတွေ ထိန်းမရသိမ်းမရ
အဲဒီတုန်းကကောင်လေး အခုတော့ကျွန်မရဲ့နံဘေး
ရှိနေပါတယ်သူဟာ ကျွန်မအချစ်ဆုံးပါ
တစ်သက်လုံးစာ မေတ္တာတရားတွေပုံအောကာ
ချစ်နေပါမယ် ကျွန်မရဲ့တစ်သက်လုံးစာ
ဟေ့ ဟေ့ ဒါဟာသီတင်းကျွတ်ပွဲတော်
ဟေ့ ဟေ့ ဒါဟာမီးထွန်း ပွဲ တော်
တို့ပျော်လို့ .... အိုး ..
ငါတို့ပျော်လို့ ... အိုး ..
တို့ပျော်လို့ .... အိုး ..
ငါတို့ပျော်လို့ ... အိုး ..
တို့ပျော်လို့ .... အိုး ..
ငါတို့ပျော်လို့ ... အိုး ..
ချစ်စရာပွဲတော်