သီချင်း - တိုးတိုးလေးပြောပါ
တေးဆို - ဖိုးကာ
အလင်းမဲ့တဲ့ နှလုံသားထဲ ချစ်ခြင်းရဲ့
အလင်းရောင်ဆောင်ကျဉ်းပေးပါ...
သိပ်လှတဲ့အပြုံးလေးအောက်
ငါ့မျော်လင့်ချက်တို့ နားခိုနိုင်စေဖို့
အခွင့်ပေးပါတော့
သိပ်ချစ်တဲ့အကြောင်းလေးကြားချင်တယ်
ငါ့ဘဝနဲ့ ရင်းပြီးတောင်းဆို မယ်
မင်းသိတဲ့ အတိုင်းပဲ
ပြောပြလိုက်ပါ ချစ်သူရယ်
တို့တစ်ယောက်တည်းကြားမဲ့ စကားသံနဲ့
နှုတ်ခမ်းပါးလေး လှုပ်ခတ်သွားရုံနဲ့
တိုးတိုးလေးပဲ မင်းပြောပြလိုက်ပါအချစ်ရယ်
မွန်းကြပ်တဲ့ နှလုံးသားထဲ
ချစ်ခြင်းရဲ့ အလင်းရောင် ဆောင်ကျဉ်းပေးပါ
ရှက်တတ်တဲ့ပါးလေးများ
ငါ့နှုတ်ခမ်းများအတွင် နားခိုနိုင်စေဖို့
အခွင့်ပေးပါတော့
သိပ်ချစ်တဲ့အကြောင်းလေးကြားချင်တယ်
ငါ့ဘဝနဲ့ ရင်းပြီးတောင်းဆို မယ်
မင်းသိတဲ့ အတိုင်းပဲ
ပြောပြလိုက်ပါ ချစ်သူရယ်
တို့တစ်ယောက်တည်းကြားမဲ့ စကားသံနဲ့
နှုတ်ခမ်းပါးလေး လှုပ်ခတ်သွားရုံနဲ့
တိုးတိုးလေးပဲ မင်းပြောပြလိုက်ပါအချစ်ရယ်
မင်းရင်ထဲ ဘာရှိနေလဲ
ငါသိချင်တယ် ကြားချင်တယ်
ဖွင့်ပြောပါ...
ရှက်မနေနဲ့ မကြောက်ပါနဲ့ ငါသိချင်ခဲ့
ကြားရုံလေး ဖွင့်ပြောလိုက်
သိပ်ချစ်တဲ့အကြောင်းလေးကြားချင်တယ်
ငါ့ဘဝနဲ့ ရင်းပြီးတောင်းဆို မယ်
မင်းသိတဲ့ အတိုင်းပဲ
ပြောပြလိုက်ပါ ချစ်သူရယ်
တို့တစ်ယောက်တည်းကြားမဲ့ စကားသံနဲ့
နှုတ်ခမ်းပါးလေး လှုပ်ခတ်သွားရုံနဲ့
တိုးတိုးလေးပဲ မင်းပြောပြလိုက်ပါအချစ်ရယ်
သိပ်ချစ်တဲ့အကြောင်းလေးကြားချင်တယ်
ငါ့ဘဝနဲ့ ရင်းပြီးတောင်းဆို မယ်
မင်းသိတဲ့ အတိုင်းပဲ
ပြောပြလိုက်ပါ အချစ်ကလေးရယ်
တို့တစ်ယောက်တည်းကြားမဲ့ စကားသံနဲ့
အချစ်နှုတ်ခမ်းလေး လှုပ်ခတ်သွားရုံနဲ့
တိုးတိုးလေးပဲ မင်းပြောပြလိုက်ပါအချစ်ရယ်
တိုးတိုးလေးပဲ မင်းပြောပြလိုက်ပါအချစ်ရယ်
တိုးတိုးလေးပဲ မင်းပြောခဲ့လိုက်ပါ