menu-iconlogo
huatong
huatong
avatar

ယဥ်တကိုယ်မိုး

ဗလhuatong
ChitWinnHtuthuatong
歌詞
作品
"ယဥ်တကိုယ်မိုး"

ဗလ

ရင်မှာတမင်လာရွာတဲ့မိုးလား

အလည်လွန်သူရဲ့ခြေဆန့်ခရီးလား

တုန်ရီနေပြီ အမှတ်တရနိမိတ်ပုံထဲ

အရင်လိုပုံပြင်တွေပြန်ကြားနာ

ဒဏ်ရာဆိုတာကိုယ့်ရဲ့နှလုံးသား

မယုံတော့ဘူးလို့ လုံအောင်ငြင်းချက်ထုတ်နေလဲ

နေရာတကာရွာချင်တဲ့မိုးလား

တစ်ကိုယ်စာစိုရုံသွန်းရွာ

နှစ်ကိုယ်တူကမ္ဘာအတွက်မိုးမလား

တစ်ကိုယ်စာယဉ်ရုံသာ ရွာလိုက်တော့မိုး …

မေရေအပြင်မှာရွာတဲ့မိုးလို

ကိုယ့်အနားလာပြီးတိုးကာရွာ

မေရေအပြင်မှာရွာတဲ့မိုးလို

ကိုယ့်အသည်းအိမ်ထက်သွန်းကာရွာ

မေရေအကြင်နာရှာတဲ့မိုးလို

ခိုနားလာတော့ကိုယ့်တစ်ကိုယ်စာ

ယဉ်တစ်ကိုယ်မိုးရာ

ယဉ်တစ်ကိုယ်မိုး…… အို့ဟိုး

ယဉ်တစ်ကိုယ်မိုး ………

#####

နွေတမန်စေညွှန်ရာမိုးလား

မသေချာသူကိုသက်ညှာ

တိမ်ဆိုင်တွေရဲ့မှိုင်းညို့မှုတွေထဲ

အပေါ်ယံအဖြေလွှာဒီပုစ္ဆာ

ညင်သာစွာသူလေအုပ်မိုးအလာ

အလွယ်တကူယူငင် အပူပင်ဆင့်လိုက်တော့မှာလား

နေရာတကာရွာချင်တဲ့မိုးလား

တစ်ကိုယ်စာစိုရုံသွန်းရွာ

နှစ်ကိုယ်တူကမ္ဘာအတွက်မိုးမလား

တစ်ကိုယ်စာယဉ်ရုံသာ ရွာလိုက်တော့မိုး …

မေရေအပြင်မှာရွာတဲ့မိုးလို

ကိုယ့်အနားလာပြီးတိုးကာရွာ

မေရေအပြင်မှာရွာတဲ့မိုးလို

ကိုယ့်အသည်းအိမ်ထက်သွန်းကာရွာ

မေရေအကြင်နာရှာတဲ့မိုးလို

ခိုနားလာတော့ကိုယ့်တစ်ကိုယ်စာ

ယဉ်တစ်ကိုယ်မိုးရာ

ယဉ်တစ်ကိုယ်မိုး…… အို့ဟိုး

အိုမိုး ……

အိုမိုး ……………

#####

更多ဗလ熱歌

查看全部logo