menu-iconlogo
huatong
huatong
-byuhar-cover-image

ဘိုးတော် ByuHar

ဗျူဟာhuatong
Risingstar135786442huatong
歌詞
作品
ဘိုးတော် * ဗျူဟာ

🎵🎶ဘုရား🎵🎶ဘုရား🎵🎶

Uploaded by KG(အလွမ်းပြေ)

🎵🎶ဘုရား🎵🎶ဘုရား🎵🎶

🎤

ခေါင်းပေါ်ကဆံပင်တွေ

ရှည်လာတိုင်းညှပ်ရတယ်

လက်သည်းခြေသည်းတွေ

ရှည်လာတိုင်းဖြတ်ရတယ်

၇ ရက်တစ်ပတ်လောက်များ

ရေမချိုးလိုက်မိရင်ပြသနာဘဲ

ဒီခန္ဓာကြီးထဲကနေအနံ့

အသက်ပေါင်းစုံထွက်လာမြဲ

မနက်စာရယ်

နေ့လည်စာရယ်ညစာရယ်

အစာအိမ်ထဲကိုပုံမှန်

ထည့်ရပါတယ်

အက်ဒါမှလည်းဝလာတယ်

လှလာတယ်အဟာရ

ရမှာဘဲ

၃၂ ကောဋ္ဌာသက

စိုပြေလှပလာတယ်

အမြဲတမ်းဖီးရလိမ်းရ

ပြင်ရဆင်ရ

မှန်ရှေ့မှာရပ်ရင်ဘဝင်မကျ

သူ့ထက်ပိုဆန်းအောင်ထွင်ကြ

ခင်ကြမင်ကြရာကနေယှဉ်ကြ

ကျဉ်ကြဆင့်ပွားဆင့်ပွား

လောဘဒေါသမောဟတွေမြင့်မားလာ

ဝင့်ကြွားကာ ဖင်ယား

လ ရေး နှစ်ချောင်းငင်

ဘဝ တွေ မပြောင်းခင်

အရိုးကောင်အရေကောင်ကို

ခဏလေး မှန်အောင်မြင်

ဒါပစ္စည်းဒါငါ့ဥစ္စာ

ဒါငါ့ရာထူးဒါငါ့ဂုဏ်ဓန

ဒါငါ့မိန်းမငါ့ဘဝ

ငါ့ ငါ့ ငါ့ ငါ့ ငါ့ ငါ့ ငါ့

ဘုရား ဘုရား

တယ်ကြောက်ဖို့ ကောင်းပါလား

မျက်စိရှေ့ကဖြစ်လိုက်ပျက်လိုက်

အကြောင်းအရာများ

အောက်စီဂျင်တွေဝင်လာတိုင်း

အဆုပ်ကဖောင်းကာပွ

ငါ့အသွေးအသားတွေစက္ကန့်နဲ့

အမျှဘဲ ပြောင်းကာသွား

ဘုရား ဘုရား

တဏှာစိတ်တို့ မိုက်လာကြ

ပုထုဇဉ်တို့ရဲ့အကျင့်နဲ့စရိုက်သဘာဝ

လိုချင်တာတွေမတရား

းလောဘမနိုင်ပါလား

နောက်ဆုံးတော့လည်းငါ့ခန္ဓာတောင်

ငါမပိုင်ပါလားဘုရားဘုရား

စိတ်ခံစားချက်တိုင်း

ရင်ခုန်သံတွေ မြန်လိုက်

စိတ်ခံစားချက်တိုင်း

ရင်ခုန်သံတွေ နှေးလိုက်

အာရုံငါးပါးကြားမှာ

တွေလိုက်ဝေလိုက်

နေလိုက်သေလိုက်

ဘဝက ဝေလိုက် ကြွေလိုက်

၃၁ ဘုံမှာကျင်လည်ကာ

ကျက်စားသွားလာ

အတုအယောင်တွေကို အမှန်

ထင်နေတာ ဘဝတဏှာ

ဖြစ်လိုက်ပျက်လိုက်ဖြစ်လိုက်ပျက်လိုက်

ဖြစ်ပျက်ဇာတ်သိမ်းမှာတစ်ယောက်နဲ့

တစ်ယောက်ကညစ်လိုက်ပတ်လိုက်

အစာအိမ်ထဲကဟာတွေထုတ်ဖို့

အစာချေရတာအလုပ်တစ်လုပ်

သံပတ်ပေးထားတဲ့နှလုံးသားက

ဒုတ် ဒုတ် ဒုတ် ဒုတ်

ဒီလိုအရုပ်တစ်ရုပ်က

ဘဝဇာတ်ခုံပေါ်ငုတ်တုတ်

ဟုတ်ဟုတ် မဟုတ်ဟုတ်

လှုပ် တုပ် လှုပ် တုပ်

အချိန်တန်တော့လည်းကြွေကြ

ရစမြဲပါတဖြုတ်ဖြုတ်

နာရေးကူညီမှုအသင်းက

လူတွေ အလုပ်ရှုပ်

ကုသိုလ်အထုပ်တစ်ထုပ်နဲ့

အကုသိုလ်အထုပ်တစ်ထုပ်

ဘယ်ရိက္ခာယူသွားမှာလဲ

ဒီခရီးအဆုံး

ဘုရား ဘုရား

တယ်ကြောက်ဖို့ ကောင်းပါလား

မျက်စိရှေ့ကဖြစ်လိုက်ပျက်လိုက်

အကြောင်းအရာများ

အောက်စီဂျင်တွေဝင်လာတိုင်း

အဆုပ်ကဖောင်းကာပွ

ငါ့အသွေးအသားတွေစက္ကန့်နဲ့

အမျှဘဲ ပြောင်းကာသွား

ဘုရား ဘုရား

တဏှာစိတ်တို့ မိုက်လာကြ

ပုထုဇဉ်တို့ရဲ့အကျင့်နဲ့စရိုက်သဘာဝ

လိုချင်တာတွေမတရား

းလောဘမနိုင်ပါလား

နောက်ဆုံးကျတော့လည်းငါ့ခန္ဓာတောင်

ငါမပိုင်ပါလားဘုရားဘုရား

ဘယ်လောက်ချမ်းသာချမ်းသာ

ဘယ်လောက်ချောချော

ဘယ်လောက်လှလှ

လူတွေလား ????

နတ်တွေလား ????

ဗြဟ္မာတွေလား ????

ထွက်ရပ်ပေါက်တွေလား ???

အနိစ္စတရားနဲ့ကတော့ထင်းခွေမကြုံ

ရေခပ်တဲ့အခေါက်တော့တွေ့ရမှာ

မင်းလား ? ငါ လား ?

သူ လား ? ခင်ဗျားလား ??

ဟား ဟား ဟား ဟား

Thanks All

更多ဗျူဟာ熱歌

查看全部logo

猜你喜歡