menu-iconlogo
huatong
huatong
avatar

နင်ပျော်ရင်

ဘန်နီဖြိုးhuatong
Poeei🇲🇲Heavensent.K2huatong
歌詞
作品
နင်ပျော်ရင်

တော်ပါပြီ အချစ်ဆို စိတ်ကနာ

အပူတွေငါ ထပ်မလိုချင်တော့ပါ

ဒီလိုငါ ဆုံးဖြတ်ထားပြီးမှ

ဪ..တွေ့ခဲ့တဲ့မင်းနဲ့..

ဒီတခါနောက်ဆုံးလို့ ဆုံးဖြတ်ကာ

အကုန်ငါပုံအောလို့ ချစ်ထားသမျှ

ခန့်မှန်းရသိပ်ခက်တယ်...

နင်တဖြည်းဖြည်းနဲ့ ပြောင်းလဲ

အချစ်တွေ ငါ့အပေါ်ကုန်သွားမလား

နင်ပျော်ရင် လုပ်လိုက်ပါ အချစ်လေး

ဒီလူကို ပေးခဲ့လိုက်အရှုံးတွေ

ရှေ့ဆက်မင်း အမြဲတမ်းပျော်ပါစေ...

မကြည့်နဲ့တော့ ငါ့ဘက်က မျက်ရည်

နင်ပျော်ရင် လုပ်လိုက်ပေါ့ အချစ်ရယ်...

အရင်ဆိုနင် ငါ့ကိုအမြဲပြောတာ

အချိန်ကြာလာလည်း ပိုဂရုစိုက်ပါ

ငါဂရုစိုက်လို့ပြောတဲ့ ဒီစကားများ

အခု မင်းအတွက်

ချုပ်ချယ်တယ်နင် မြင်တဲ့အခါ

ငါဘာလုပ်ရမလဲငါမသိတော့ဘူး

ဆုံးရှုံးမှာ ကြောက်လို့ စိတ်တွေပူ

အချစ်ကလွဲပြီးလည်း ဘာမှ မပေးနိုင်သူ

မပျော်ဘူးဆို ဆွဲလို့မထားရက်ဘူး ကလေးရယ်

နင်မွန်းကြပ်လို့ ရုန်းထွက်ချင်ရင်လည်း

နင်ပျော်ရင် လုပ်လိုက်ပါ အချစ်လေး

ဒီလူကို ပေးခဲ့လိုက်အရှုံးတွေ

ရှေ့ဆက်မင်း အမြဲတမ်းပျော်ပါစေ...

မကြည့်နဲ့တော့ ငါ့ဘက်က မျက်ရည်

နင်စိတ်ကြိုက်ပေါ့ အချစ်လေး..

ဒဏ်ရာတွေ ငါ့အတွက်တော့ရိုးနေ..

အသည်းကွဲလို့ ဘဝမပျက်နိုင်ပေမယ့်

ငါ့ဘဝထက် ချစ်ခဲ့တော့ ခက်တယ်

နင်ပျော်ရင်လုပ်လိုက်ပေါ့ အချစ်ရယ်

အချစ်တူချင်းတူခဲ့ရင်လေ

ငါပိုချစ်ရသောသူဖြစ်ပါစေ

ဝဋ်ကြွေးတွေရှိခဲ့ဖူးရင်လေ

ဒီဘဝမှာပဲကြေရပါစေ

နောက်ဘဝများဆုံခဲ့ရင်လေ

ဒီ့ထက်တို့ပိုချစ်မယ်လေ အချစ်ရေ...

နင်ပျော်ရင် လုပ်လိုက်ပါ အချစ်လေး

ဒီလူကို ပေးခဲ့လိုက်အရှုံးတွေ

ရှေ့ဆက်မင်း အမြဲတမ်းပျော်ပါစေ...

မကြည့်နဲ့တော့ ငါ့ဘက်က မျက်ရည်

ဟိုး..ဝိုးးဝိုးး

နင်စိတ်ကြိုက်ပေါ့ အချစ်လေးးးး

ဒဏ်ရာတွေ ငါ့အတွက်တော့ရိုးနေ

အသည်းကွဲလို့ ဘဝမပျက်နိုင်ပေမယ့်

ငါ့ဘဝထက် ချစ်ခဲ့တော့ ခက်တယ်..

ဟိုးးဝိုးးဝိုးးဟိုး....

နင်ပျော်ရင်လုပ်လိုက်ပေါ့ အချစ်ရယ်

ဟိုးးဝို..ဟိုးးး

နာနာ နာ့နာနားနားနာ..

ဟိုးးဝိုဟိုးးးးး

နင်စိတ်ကြိုက်ပေါ့ အချစ်လေးးးး

ဟိုး.....

更多ဘန်နီဖြိုး熱歌

查看全部logo
နင်ပျော်ရင် ဘန်နီဖြိုး - 歌詞和翻唱