menu-iconlogo
huatong
huatong
avatar

နှလုံးလမ်းကြောင်းမှာကျွန်းခံနေတယ်

ဘိုဖြူ Bo Phyuhuatong
klincher1huatong
歌詞
作品
" နှလုံးလမ်းကြောင်းမှာကျွန်းခံနေတယ် "

ဆို ဘိုဖြူ

INTRO

ပိုနေရင်သာ မသိသာတယ်

လိုနေရင်ဘဝတစ်ခုလုံး ဟာနေသလိုကွယ်

ရေဘောင်ဘင်နဲ့ မပြည့်အိုးသဖွယ်

လူဆိုတာ တစ်ယောက်ဆီမနေနိုင်တဲ့

သတ္တဝါတွေပဲလို့ ဆိုစမှတ်ရှိခဲ့လည်း

အဖော်မွန်တွေနဲ့

အိမ်ထောင်တွေနဲ့ တင့်တယ်မြဲ…

ကိုယ့်မှာတော့လေ

တစ်ကောင်တည်း မျက်စိလည်…

တွယ်တာသူတော့ ရှိပါတယ်

သာယာတဲ့ဘဝတစ်ခု ဆောက်ရန်ရည်ရွယ်

ဒါပေမဲ့ မဖြစ်ခဲ့ဘူးကွယ်…

တစ်ချိန်ချိန်တော့

တစ်နေရာတော့ တစ်စုံတစ်ခုသော

အကြောင်းနဲ့ ပျက်သွားမြဲ

မယုံကြည်နိုင်လောက်အောင်

အခြေအနေတွေ တိုက်ဆိုင်တော့ကွယ်

နောက်တစ်ခါ အတွက်လည်း

မဝံ့မရဲဖြစ်ရတယ်…

လက္ခဏာဆရာက ပြောတယ်မေရယ်

နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်

မိန်းမနဲ့ ပတ်သက်လာရင်

အမြဲတမ်းပဲ ကံဆိုးနေမယ်

အခန့်မသင့်ရင် အချစ်ရေးအတွက်

ကိုယ့်အသက်တောင် ရန်ရှာလိမ့်မယ်

မျက်ကန်း အချစ်သမားရယ်…

SOLO

ဒီလိုဆိုရင် ခက်ချည်ရဲ့

ကိုယ် အလိုချင်ဆုံးတစ်ခုကမရနိုင်ပြီကွယ်

ကျန်တာတွေ မထူးတော့ဘူးရယ်

ရင်ထဲ စိတ်ကူးအကောင်ထည်ဖော်ဖို့

ကြံဆောင်လေသမျှ သဲရေကျခဲ့ရပေါ့ကွယ်

ရှင်ရင်ရွှေထီးဆိုတာ စွန့်စားခဲ့တာလည်း

ရကာမှာပဲ မိဖုရားက မရှိတယ်

လက္ခဏာဆရာက ပြောတယ်မေရယ်

နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်

မိန်းမနဲ့ ပတ်သက်လာရင်

အမြဲတမ်းပဲ ကံဆိုးနေမယ်

အခန့်မသင့်ရင် အချစ်ရေးအတွက်

ကိုယ့်အသက်တောင် ရန်ရှာလိမ့်မယ်

မျက်ကန်း အချစ်သမားရယ်…

END

更多ဘိုဖြူ Bo Phyu熱歌

查看全部logo