အမုန်းမှသည်
စူးရှတဲ့မင်းရဲ့အကြည့်တွေ
မြှားတစင်းထက်ချွန်ထက်နေ
နှလုံးသားထဲစူးဝင်သွားပြီလေ
မင်းပြောတဲ့စကားတွေရယ်
အနာကြင်ဆုံးအဆိပ်လိုပဲ
ဒီရင်မှာလောင်ကျွမ်းတယ်
ဘယ်တော့များ
ဒီအငြိုးတွေပျယ်မှာလဲ
အချိန်တိုင်း ကိုယ်စောင့်မျှော်နေမိတယ်
+ အမုန်းမြှားတွေ
ဒီရင်ကိုလာမှန်လဲ
နောက်မဆုတ်ဘူး
မင်းအနီးဆုံးရောက်အောင် လှမ်းလာမယ်
တချိန်ကျ
ကိုယ့်ရဲ့အချစ်တို့ကို နားလည်မယ်
ဒဏ်ရာတွေဟာ မင်းကိုချစ်လွန်းလို့
တနေ့ကျရင် သိလာမယ်
လောကရဲ့လှည့်ကွက်များအလယ်
တိုနှစ်ယောက်တွေ့ဆုံခဲ့တယ်
ခါးသီးတဲ့ရက်စက်ခြင်းတွေရယ်
ကိုယ်ကြိုးစားခဲ့ပေမယ့်
သံသယများ ကိုယ့်အပေါ်မယ်
ပြိုလာချိန် ရှောင်မလွှတ်တယ်
ဘယ်တော့များ
ဒီအငြိုးတွေပျယ်မှာလဲ
အချိန်တိုင်း ကိုယ်စောင့်မျှော်နေမိတယ်
+ မုန်းမြှားတွေ ဒီရင်ကိုလာမှန်လဲ
နောက်မဆုတ်ဘူး
မင်းအနီးဆုံးရောက်အောင် လှမ်းလာမယ်
တချိန်ကျ
ကိုယ့်ရဲ့အချစ်တို့ကို နားလည်မယ်
ဒဏ်ရာတွေဟာ မင်းကိုချစ်လွန်းလို့
တနေ့ကျရင် သိလာမယ်
.....
ဆုံတွေ့ကြတဲ့အချိန်တိုင်း
ဒီအမုန်းမြှားတွေ
ကိုယ့်နှလုံးသား နေရာအပြည့်
....
ရှောင်လွှဲမရနိုင်တော့လည်း
ဝဋ်ကြွေးများရယ်
ကိုယ်ငြင်းဖို့ အင်အားမရှိတယ်
+ အမုန်းမြှားတွေ ဒီရင်ကိုလာမှန်လဲ
နောက်မဆုတ်ဘူး
မင်းအနီးဆုံးရောက်အောင် လှမ်းလာမယ်
တချိန်ကျ
ကိုယ့်ရဲ့အချစ်တို့ကို နားလည်မယ်
ဒါဏ်ရာတွေဟာမင်းကိုချစ်လွန်းလို့...
တနေ့ကျရင်သိလာမယ်
Thank you