ခိုနားဖူးတဲ့ နေရာဟောင်းလေးကို
ပြန်တမ်းတလို့ ဆွေး......
တန်ဖိုးရှိတဲ့ အရင်ကနေ့ရက်လေး..
ရာသီတွေ ဘယ်လိုကူးပြောင်းပစေ
အို မေ့မရပေ တစ်ချိန်ကနေ့ရက်လေး...
နင်နားရှိချိန် ပြန်တမ်းတလို့ဆွေး...
အတူဖောက်ခဲ့တဲ့ လမ်းတွေ
အတူမက်ခဲ့တဲ့ အိမ်မက်
လေထဲက တိုက်အိမ်
ကြင်ကြင်နာနာ ခိုလှုံဖူးတယ်
နောက်ဆုံးကြတော့ လမ်းခွဲ
ထားခဲ့ပြီ တစ်ယောက်တည်း
မျှော်လင့်ချက်ကြီးစွာ
ယုံယုံကြည်ကြည်မျှော်နေဆဲ....
သူပြန်လာမယ်လို့ နင်ထင်နေတာလား
ဒါဆိုရင် အဖြေဟာ လုံးဝအမှား...
နင်ရင်တွေသာကွဲမယ် ခံနိုင်ရည်မဲ့နိုင်တယ်
နင်အစားထိုးပြီ မေ့ပစ်လိုက်ပါတော့
နင်လမ်းတွေ့ခဲ့ရင် ကြင်ကြင်နာနာပြုံးပါ...
နင်မချစ်တော့ဘူးဆို နာနာကျင်ကျင်မုန်းပါ....
နင်လမ်းတွေ့ခဲ့ရင် ရီရီမွန်မွန်ပြုံးပါ...
နင်သတိရသေးရင် ဒီလူဆီပြန်ခဲ့ပါ...
အမြဲတမ်းလက်ခံမှာ....
......
......
ခိုနားဖူးတဲ့ နေရာဟောင်းလေးကို
ပြန်တမ်းတလို့ ဆွေး....
တန်ဖိုးရှိတဲ့ အရင်က နေ့ရက်လေး
ရာသီတွေ ဘယ်လိုကူးပြောင်းပစေ
အို မေ့မရပေ တစ်ချိန်က နေ့ရက်လေး
နင်နားရှိချိန် ပြန်တမ်းတလို့ ဆွေး....
အတူဖောက်ခဲ့တဲ့ လမ်းတွေ.....
အတူမက်ခဲ့တဲ့ အိမ်မက်....
လေထဲက တိုက်အိမ်
ကြင်ကြင်နာနာ ခိုလှုံဖူးတယ်....
နောက်ဆုံးကြတော့ လမ်းခွဲ....
ထားခဲ့ပြီ တစ်ယောက်တည်း
မျှော်လင့်ချက်ကြီးစွာ
ယုံယုံကြည်ကြည် မျှော်နေဆဲ....
သူပြန်လာမယ်လို့ နင်ထင်နေတာလား
ဒါဆိုရင် အဖြေဟာ လုံးဝအမှား....
နင်ရင်တွေသာ ကွဲမယ် ခံနိုင်ရည်မဲ့နိုင်တယ်
နင်အစားထိုးပြီ မေ့ပစ်လိုက်ပါတော့
နင်လမ်းတွေ့ခဲ့ရင်ကြင်ကြင်နာနာပြုံးပါ
နင်မချစ်တော့ဘူးဆို နာနာကျင်ကျင်မုန်းပါ
နင်လမ်းတွေ့ခဲ့ရင် ရီရီမွန်မွန်ပြုံးပါ
နင်သတိရသေးရင် ဒီလူဆီပြန်ခဲ့ပါ
နင်လမ်းတွေ့ခဲ့ရင် ကြင်ကြင်နာနာပြုံးပါ
နင်မချစ်တော့ဘူးဆို နာနာကျင်ကျင်မုန်းပါ
နင်လမ်းတွေ့ခဲ့ရင် ရီရီမွန်မွန်ပြုံးပါ
နင်သတိရသေးရင် ဒီလူဆီပြန်ခဲ့ပါ
အမြဲတမ်းလက်ခံမှာ.....