menu-iconlogo
huatong
huatong
avatar

ဘဝခါးခါး

ယွန်းမြတ်သူhuatong
🎶Kℴ✯𝐎𝐊🎵➻ℭαɭм⚑✓huatong
歌詞
作品
ဘဝခါးခါး

ယွန်းမြတ်သူ

ဟေ့ ဟေ့ ရေ့

ငါပြိုလဲသွားရင် မင်းဟာဝမ်းသာဦးမယ် ထင်တယ်

ငါကျရှုံးသွားရင် မင်းဟာ လက်ခုပ်တီးဖို့ အသင့်ကွယ်

တစ်ခါဆိုင်ဘူးခဲ့ရင် မင်းကိုတစ်သက် ပိုင်သွားပြီ ထင်ခဲ့တယ်

ငါဉာဏ်နည်းခဲ့တာ နှလုံးမှာ အားအင်များလို့ ဖြစ်မယ်

ဘဝကြီးကခါးခါး မချိုတဲ့အချစ်များ

ကာဆီးကာ တားထား ဒီဝဋ်ကြွေးများ

အနှောင်အဖွဲ့တွေ ကြားမှာ တွယ်ငြိနေခဲ့တာ

မင်းဟာ အဆိပ်သင့်တဲ့ ဆူးလား

ဘဝကြီးကခါးခါး မချိုတဲ့အချစ်များ

ကာဆီးကာ တားထား ဒီဝဋ်ကြွေးများ

အနှောင်အဖွဲ့တွေ ကြားမှာ တွယ်ငြိနေခဲ့တာ

မင်းဟာ အဆိပ်သင့်တဲ့ ဆူးလား

ငါဟာ နွေးထွေးမှုတို့ လိုအပ်သူပါ

အဖြူရောင် နှလုံးသားလေးအား ချစ်တတ်အောင် မင်းလုပ်ခဲ့တာ

ကမ္ဘာမှာ မျှတမှုတို့ ရှိသေးရဲ့လား ဟေ့

ယုံကြည်ထားတဲ့ မင်းမှ နောက်ကျောကို ဓါးနဲ့ထိုးတာ

ဒါဖြစ်ရော ဖြစ်သင့်လား

ဟေ့ ဟေ့ ရေ့

လွယ်လွယ် မေ့တတ်ရင် အချစ်ဟာ အတုသာဖြစ်မယ် ထင်တယ်

ငါစိုက်ပျိုးခဲ့တဲ့ ပန်းဟာ တစ်ပါးသူခူးဖို့ မဟုတ်တယ်

တစ်ခါဆိုင်ဖူးခဲ့ရင် မင်းကို တစ်သက်ပိုင်သွားပြီ ထင်ခဲ့တယ်

ငါဉာဏ်နည်းခဲ့တာ နှလုံးမှာ အားအင်များလို့ ဖြစ်မယ်

ဘဝကြီးကခါးခါး မချိုတဲ့အချစ်များ

ကာဆီးကာတားထား ဒီဝဋ်ကြွေးများ

အနှောင်အဖွဲ့တွေ ကြားမှာ တွယ်ငြိနေခဲ့တာ

မင်းဟာ အဆိပ်သင့်တဲ့ ဆူးလား

ဘဝကြီးကခါးခါး မချိုတဲ့အချစ်များ

ကာဆီးကာတားထား ဒီဝဋ်ကြွေးများ

အနှောင်အဖွဲ့တွေ ကြားမှာ တွယ်ငြိနေခဲ့တာ

မင်းဟာ အဆိပ်သင့်တဲ့ ဆူးလား

ငါဟာ နွေးထွေးမှုတို့ လိုအပ်သူပါ

အဖြူရောင် နှလုံးသားလေးအား ချစ်တတ်အောင် မင်းလုပ်ခဲ့တာ

ကမ္ဘာမှာ မျှတမှုတို့ ရှိသေးရဲ့လား ဟေ့

ယုံကြည်ထားတဲ့ မင်းမှနောက်ကျောကို ဓါးနဲ့ထိုးတာ (ဒါဖြစ်ရော ဖြစ်သင့်လား)

ငါဟာ နွေးထွေးမှုတို့ လိုအပ်သူပါ

အဖြူရောင် နှလုံးသားလေးအား ချစ်တတ်အောင် မင်းလုပ်ခဲ့တာ

ကမ္ဘာမှာ မျှတမှုတို့ ရှိသေးရဲ့လား ဟေ့

ယုံကြည်ထားတဲ့ မင်းမှ နောက်ကျောကို ဓါးနဲ့ထိုးတာ

ဒါဖြစ်ရော ဖြစ်သင့်လား ဟိုး

ဖြစ်ရော ဖြစ်သင့်လား ဟေ့

ဒါဖြစ်ရော ဖြစ်သင့်လား

Thanks KK

更多ယွန်းမြတ်သူ熱歌

查看全部logo