menu-iconlogo
huatong
huatong
avatar

လမ်းနှစ်သွယ်

ရတနာဦးhuatong
mry_starhuatong
歌詞
作品
လမ်းနှစ်သွယ်

ရေး စောရူဘီ

ဆို ရတနာဦး

ကျဉ်းသောလမ်းဆိုရင်

လူတွေလျှောက်လှမ်းဖို့ကို

ရည်ရွယ်သူနည်းလွန်းတယ်

ဒီရဲ့လမ်းကလေးက အလွန်ပင်ခက်ခဲလွန်းနေလို့

လွတ်လပ်မှုကိုသာလူတွေနှစ်သက်ကြတယ်

အရာရာဟာတပ်မက်စရာ

ဒါကြောင့်လည်းကျယ်တဲ့လမ်းမထဲ

လျှောက်ကာလှမ်းကြတယ်

ဒီရဲ့လမ်းကကျဉ်းသော်လည်း

အဆုံးတော့သရဖူထာဝရအသက်

ပျော်ရွှင်ခြင်းစုံလင်ငြိမ်းချမ်းမှုတွေနဲ့

အိမ်တော်နန်းထက်မြန်းဆန်ရင်း

ချွေးသိပ်ဖြေမယ် ထာဝရအတွက်

သောကခရီးတွေကို

လွန်မြောက်သွားမဲ့ထိုတစ်ချိန်မှာ

လမ်းမရဲ့အလယ်မှာလူတွေလျှောက်လှမ်းကြလို့

အချိန်တွေသာ လွင့်မြောရင်းနဲ့

နာရီတွေလွန်ရင် အိုအသင်နောက်ကျလို့နေမယ်

အဆုံးတော့တွေ့နိုင်မယ်ဒီရဲ့လမ်းမကြီးဟာ

ပူလောင်တဲ့ငရဲမီးအိုင်

အချိန်မလွန်ခင်အလျင်အမြန်ပြောင်းလဲဖို့

ဆင်ခြင်ဆုံးဖြတ်လိုက်ပါ

ဒီရဲ့လမ်းကကျဉ်းသော်လည်း

အဆုံးတော့သရဖူထာဝရအသက်

ပျော်ရွှင်ခြင်းစုံလင်ငြိမ်းချမ်းမှုတွေနဲ့

အိမ်တော်နန်းထက်မြန်းဆန်ရင်း

ချွေးသိပ်ဖြေမယ် ထာဝရအတွက်

သောကခရီးတွေကို

လွန်မြောက်သွားမဲ့ထိုတစ်ချိန်မှာ

လမ်းမရဲ့အလယ်မှာလူတွေလျှောက်လှမ်းကြလို့

အချိန်တွေသာ လွင့်မြောရင်းနဲ့

နာရီတွေလွန်ရင် အိုအသင်နောက်ကျသွားမယ်နော်

အဆုံးတော့တွေ့နိုင်မယ်ဒီရဲ့လမ်းမကြီးဟာ

ပူလောင်တဲ့ငရဲမီးအိုင်

အချိန်မလွန်ခင်အလျင်အမြန်ပြောင်းလဲဖို့

ဆင်ခြင်ဆုံးဖြတ်လိုက်ပါ

ဒီရဲ့လမ်းကကျဉ်းသော်လည်း

အဆုံးတော့သရဖူထာဝရအသက်

ပျော်ရွှင်ခြင်းစုံလင်ငြိမ်းချမ်းမှုတွေနဲ့

အိုးဟိုး

အိမ်တော်နန်းထက်မြန်းဆန်ရင်း

ချွေးသိပ်ဖြေမယ် ထာဝရအတွက်

သောကခရီးတွေကို

လွန်မြောက်သွားမဲ့ထိုတစ်ချိန်မှာ အိုးဟိုး

ဒီရဲ့လမ်းကကျဉ်းသော်လည်း

အဆုံးတော့သရဖူထာဝရအသက်

ပျော်ရွှင်ခြင်းစုံလင်ငြိမ်းချမ်းမှုတွေနဲ့

အိုးဟိုး

အိမ်တော်နန်းထက်မြန်းဆန်ရင်း

ချွေးသိပ်ဖြေမယ် ထာဝရအတွက်

သောကငရဲတွေကို

လွန်မြောက်သွားမဲ့ထိုတစ်ချိန်မှာ အိုးဟိုး

ဒုက္ခလမ်းတွေကို

ကျော်ဖြတ်သွားမဲ့ထိုတစ်ချိန်မှာ ရေးး

သောကခရီးတွေကို

လွန်မြောက်သွားမဲ့ထိုတစ်ချိန်မှာ

သီဆိုသူကြားနာသူအယောက်စီတိုင်း

လမ်းမှန်ပေါ်လျှောက်လှမ်းနိုင်ဖို့

ဘုရားသခင်ကောင်းကြီးပေးပါစေ

更多ရတနာဦး熱歌

查看全部logo