menu-iconlogo
huatong
huatong
avatar

အချစ်မရှိမှာပဲငါ

ရဲေလးhuatong
idekyamahuatong
歌詞
作品
သီချင်း- အချစ်မရှိမှာပဲ ငါ

တေးဆို- ရဲလေး

ကံကြမ္မာက သူသတ်မှတ်ခဲ့လို့ စီစဉ်တာများ

ဒီဒဏ်ရာက မင်းလုပ်ခဲ့လို့ မပီပြင်ပါကွာ

ငါ့ချစ်သူမင်းပုခုံးမှာပေးဆပ်ရင်းပဲ ငိုချင်လာတာ

အရှုံးတွေနဲ့ပဲ သည်းခံပြီး ငါပြုံးနေခဲ့တယ်

ဘယ်သူမှမသိတဲ့ အချိန်တွေမှာတွေ့ပြီးပြန်ကြမြဲ

မင်းသိပ်ဖြစ်ချင်နေတာက

အပေါင်းအသင်းတွေကြားမှာ စံပြအတွဲ

ပြန်မရခဲ့ စတွေ့ချိန်က ကြားခဲ့တဲ့ စကားသံကို

အခုတော့ တစ်ခြားစီပဲ ငါ့ဖက်ကချည်း

မှားပြန်လို့ ချိန်ထားတဲ့ ပြက္ခဒိန်က

နေ့ရက်တွေသာ ပြောင်းလာမယ်

တယ်လီဖုန်းပြောရင် လေသံတွေကမာပြီး

ဖောင်းလာတယ် ဘယ်ဆီမှာလဲ

အရင်ကနေ့ရက်များစွာက

တစ်ခါတစ်လေမှာ စိတ်ကုန်တာ

တဒင်္ဂသွေးပျက်သွားတာပါ

ယောက်ယက်ခတ် ပြီးချစ်ခဲ့တာ

တကယ်အတွင်းထိရူး

ဒါတွေနဲ့ပတ်သက်ရင် ငါ့မျက်ရည်လွယ်တာ

မင်းမသိဘူး ဝမ်းမနည်းခဲ့ တစ်ချိန်မှာမင်းကသိမှာပါ

ငါရေးထားခဲ့သမျှ

လမ်းခွဲမယ့်အကြောင်း သီချင်းမရှိဘူး

မင်းကမုန်းရက်နိုင်ပြီလား မင်းကပြောရက်နိုင်ပြီလား

ခွဲမသွားပါနဲ့ အချစ်မရှိမှာပဲငါသိပ်ကြောက်နေမိတာ

မင်းကလမ်းခွဲနိုင်ပြီလား မင်းကမေ့လိုက်ချင်ပြီလား

အဝေးမသွားပါနဲ့ မင်းရှိနေပါ မင်းရှိနေပါကွာ

မထင်မှတ်တဲ့အချိန်မှာ တွေးကြည့်ရင်

ငါယောကျၤားလေးပဲ မဖောက်ပြားပေးပဲ

ချစ်ခဲ့တာတွေကိုလည်း လျှောက်ကြွားသေးတယ်

စွပ်စွဲတယ် အဆင့်မရှိတဲ့စွဲချက်တွေနဲ့မကျွတ်ကျဲပဲ

ငါ့စိတ်ငါလုံတယ် မင်းရဲ့စိတ်မှာမလျော့မရဲ

အနေဝေးလည်း တစ်ဘဝလုံး အတူနေမယ်လို့

အဖြေပေးခဲ့ လိုအပ်ချိန်တိုင်းလည်း

မင်းရဲ့ဘေးမှာနေပေးဆဲ ကမ္ဘာကြီးကကျယ်တယ်

ဒီအသိုင်းဝိုင်းဆိုတာသိပ်ကိုကျဉ်း မင်းကြားတဲ့

သတင်းတွေလည်း ငါမခံနိုင်တော့ပါစိတ်တိုရင်း

စကားတွေကများ သွားနေကျလမ်းတွေဟာ

အရင်လိုပုံစံအတိုင်း မလွတ်လပ်တော့ပါ

မတော်တဲ့ဖိနပ်ကို ဒုက္ခခံပြီးစီးလည်း

ကျွတ်ထွက်တော့မှာ မင်းဘက်ကဘယ်သိဦးမလဲ

တွေးကြည့်ရင်ငိုမိတုန်းပဲ

အသည်းကွဲသီချင်းတွေကိုလည်း ဆိုကြည့်ဦးမယ်

စဉ်းစားတယ် ဒီဘောင်ကို ကျော်မလာနဲ့

သူ့ရဲ့ဖက်က မျဉ်းတားတယ် အရာရာကို

စိန်ခေါ်ပြီးငါ့ဘဝနဲ့ အခု ရင်းထားတယ်

ဘော်ဒါတွေပြောနေကြတဲ့ အတွင်းစကားရယ်

ပေါင်းပြီးတော့ ထွက်လာရင် မခံနိုင်ပါဘူး

သတင်းများတကယ်

မင်းကမုန်းရက်နိုင်ပြီလား မင်းကပြောရက်နိုင်ပြီလား

ခွဲမသွားပါနဲ့ အချစ်မရှိမှာပဲ

သိပ်ကြောက်နေမိတာ မင်းကလမ်းခွဲနိုင်ပြီလား

မင်းကမေ့လိုက်ချင်ပြီလား အဝေးမသွားပါနဲ့

မင်းရှိနေပါ မင်းရှိနေပါကွာ

မလွမ်းဘူးလို့ အားတင်းလည်း ငါ့ကိုယ်ငါပဲ

ညာနေတာ အပြင်ကသည်းတဲ့မိုးမှာ

သတိရခြင်းတွေပါနေမှာပဲ ရွာနေတဲ့ငါ့ရင်ထဲမှာ

မသည်းတော့ဘူးအခုဒါတွေဟာ တရားခံဟာ

ဘယ်မှာလဲ ပိုက်စိပ်တိုက်ပြီး ရှာနေတာ

ညဖက်ရောက်ရင် ဖုန်းဆက်တဲ့လူအကြောင်းကို

ဖြေရှင်းပါ သူကဘယ်သူလဲ ငါ့အဆင့်ကခြေရင်းမှာ

ယောကျၤားလေးမာန ထိန်းချုပ်ထားပြီးနေရင်းသာ

ရက်တွေကပြသဒါးတွေနဲ့ဆက်နေရတာမောနေပြီ

အနားမှာမင်းရှိတုန်းက ငါ့ရင်ကို နွေးစေတယ်

စွန့်ကြဲးတဲ့အပြုံးတစ်ချက်က ငါအမြင်ကိုအေးစေတယ်

ဘယ်သူ့ကိုရွေးချယ်မှာလဲ အခုငါလေမေးနေတယ်

တွေးနေဆဲအဆင်ပြေမှာလား မင်းဘာတွေရွေးနေလဲ

မင်းသမီးရှုံးမယ့် မာယာသုံးတဲ့ယုံကြည်မှုတွေ

ငါဘယ်လိုနားလည်ရမလဲ မင်းပြောတဲ့ပုံပြင်အတုတွေ

မမေ့ရက်ခဲ့သွေးပျက်ခဲ့ တစ်ခါတစ်ရံမှာမင်းကို

အဆွေးဓာတ်နဲ့ ငါရေးတတ်ခဲ့တယ် သီချင်းလို

မင်းကမုန်းရက်နိုင်ပြီလား မင်းကပြောရက်နိုင်ပြီလား

ခွဲမသွားပါနဲ့ အချစ်မရှိမှာပဲငါသိပ်ကြောက်နေမိတာ

မင်းကလမ်းခွဲနိုင်ပြီလား မင်းကမေ့လိုက်ချင်ပြီလား

အဝေးမသွားပါနဲ့ မင်းရှိနေပါ မင်းရှိနေပါကွာ

မင်းကမုန်းရက်နိုင်ပြီလား မင်းကပြောရက်နိုင်ပြီလား

ခွဲမသွားပါနဲ့ အချစ်မရှိမှာပဲငါသိပ်ကြောက်နေမိတာ

မင်းကလမ်းခွဲနိုင်ပြီလား မင်းကမေ့လိုက်ချင်ပြီလား

အဝေးမသွားပါနဲ့ မင်းရှိနေပါ မင်းရှိနေပါကွာ

မင်းကမုန်းရက်နိုင်ပြီလား မင်းကပြောရက်နိုင်ပြီလား

ခွဲမသွားပါနဲ့ အချစ်မရှိမှာပဲငါသိပ်ကြောက်နေမိတာ

မင်းကလမ်းခွဲနိုင်ပြီလား မင်းကမေ့လိုက်ချင်ပြီလား

အဝေးမသွားပါနဲ့ မင်းရှိနေပါ မင်းရှိနေပါကွာ

မင်းရှိနေပါလား မင်းရှိနေပေးပါ

အချစ်မရှိမှာပဲ အချစ်မရှိမှာပဲ အချစ်ရယ်..

အားအာ... အားအာ..

更多ရဲေလး熱歌

查看全部logo