menu-iconlogo
huatong
huatong
歌詞
作品
မိုးအုံ့လို့ သစ်ရွက်ကလေးတွေ ငြိမ်နေရင်

တိမ်တွေပြိုတော့မှာ ကြိုသိတယ်

ဝါဆိုရယ် သိပ်သတိရမိတယ်....

ပုန်းညက်တို့ ရောက်ရှိကြောင်းကို ကြေငြာကာ

ငွေမှုန်ငွေစတွေ ရွာတော့ကွယ်

ဝါဆိုရယ် သိပ်သတိရမိတယ်

တကယ်ပဲကွယ်.. ..

ပုတင်းပေါက်က လှန်းကြည့်လိုက်ရင်

ခရေပင်မှာ ရေစိုလို့မိုးခိုနေကြတယ်

ပျံနေစဉ် မိုးမိတဲ့ ငှက်တွေ

တို့နှစ်ယောက် စကားပြောခဲ့ကြတဲ့

ခရေပင်ခြေ မြေနီရောင်လမ်းကို

ရောက်တိုင်းလေ

ဝါဆိုရယ် သိပ်သတိရမိတယ်.....

တိုင်းရှစ်ခွင် မှိုင်းညို့ဆိုင်းကာ

မှုန်ရီခြယ် မိုးခြိမ်းသံ

သဲ့သဲ့ကြားတယ် ဝါဆိုရယ်

မိုးက အရင်တုန်းကအတိုင်း ရွာနေပြီကွယ်

လွမ်းတယ် ဝါဆိုရယ်.....

မိန်းကလေးရေ မိုးစက်ကလေးတွေ ငိုနေတယ်

တို့မျက်နှာ မိုးစက်ကလေးတွေ လာစင်တယ်

တို့အဖြစ်ကို ပြောပြပေးပါ ဝါဆိုရယ်

မိုးတွေရွာနေပြီကွယ်....

မိုးအုံ့လို့ သစ်ရွက်ကလေးတွေ ငြိမ်နေရင်

တိမ်တွေပြိုတော့မှာ ကြိုသိတယ်

ဝါဆိုရယ် သိပ်သတိရမိတယ်....

ပုန်းညက်တို့ ရောက်ရှိကြောင်းကို ကြေငြာကာ

ငွေမှုန်ငွေစတွေ ရွာတော့ကွယ်

ဝါဆိုရယ် သိပ်သတိရမိတယ်

တကယ်ပဲကွယ်.. ..

တံစက်မြိတ်က သစ်ခွပန်းတွေ ဝေနေချိန်

ပန်ဆင်ခဲ့ဖူးသူကို လွမ်းတယ်

ဝါဆိုရယ် သိပ်သတိရမိတယ်

တို့နှစ်ယောက် စကားပြောခဲ့ကြတဲ့

ခရေပင်ခြေ မြေနီရောင်လမ်းကို

ရောက်တိုင်းလေ

ဝါဆိုရယ် သိပ်သတိရမိတယ်.....

တိုင်းရှစ်ခွင် မှိုင်းညို့ဆိုင်းကာ

မှုန်ရီခြယ် မိုးခြိမ်းသံ

သဲ့သဲ့ကြားတယ် ဝါဆိုရယ်

မိုးက အရင်တုန်းကအတိုင်း ရွာနေပြီကွယ်

လွမ်းတယ် ဝါဆိုရယ်.....

မိန်းကလေးရေ မိုးစက်ကလေးတွေ ငိုနေတယ်

တို့မျက်နှာ မိုးစက်ကလေးတွေ လာစင်တယ်

တို့အဖြစ်ကို ပြောပြပေးပါ ဝါဆိုရယ်

မိုးတွေရွာနေပြီကွယ်....

更多လားဒင့်ထားရီ熱歌

查看全部logo