မယ်တို့ရွာသာစခန်း
အလည်လာစမ်းပါကွယ်
မြရောင်ချယ်လယ်ယာခင်းနဲ့ 
တလင်းရိုးတလျှောက်မယ်
ထနောင်းပင်တွေအသွယ်သွယ်
ဖူးကြတယ်သီးကြတယ်
သီးကြတယ်ဖူးကြတယ်
ပျော်မြူးလို
့စိတ်မှာကြည်နူးဘွယ် ။
မယ်တို့ရွာသာစခန်း
အလည်လာစမ်းပါကွယ်
မြရောင်ချယ်လယ်ယာခင်းနဲ့ 
တလင်းရိုးတလျှောက်မယ်
ထနောင်းပင်တွေအသွယ်သွယ်
ဖူးကြတယ်သီးကြတယ်
သီးကြတယ်ဖူးကြတယ်
ပျော်မြူးလို့ 
စိတ်မှာကြည်နူးဘွယ် ။
တောသူကညာရယ်
သဘောဖြူပါတယ်
မနောဖြူပါတယ်
တောသူကညာမယ်
မြို့ ကြီးသူမမတို့များလောက်တော့
နှုတ်စကားအဟုတ်များ
မတတ်သော်လည်းကွယ်
အရိုးခံစေတနာဓာတ်က
မွန်မြတ်လှပါတယ်
နေညိုညိုချိန်ခါဝယ်
လှတို့ ရွာစခန်း
လှမ်းကာသာမြန်းကြွခဲ့ကွယ် ။
( အတီး )
မယ်တို့ရွာသာစခန်း
အလည်လာစမ်းပါကွယ်
မြရောင်ချယ်လယ်ယာခင်းနဲ့ 
တလင်းရိုးတလျှောက်မယ်
ထနောင်းပင်တွေအသွယ်သွယ်
ဖူးကြတယ်သီးကြတယ်
သီးကြတယ်ဖူးကြတယ်
ပျော်မြူးလို့ 
စိတ်မှာကြည်နူးဘွယ် ။
တောသူကညာရယ်
သဘောဖြူပါတယ်
မနောဖြူပါတယ်
တောသူကညာမယ်
မြို့ကြီးသူမမတို့များလောက်တော့
နှုတ်စကားအဟုတ်များ
မတတ်သော်လည်းကွယ်
အရိုးခံစေတနာဓာတ်က
မွန်မြတ်လှပါတယ်
နေညိုညိုချိန်ခါဝယ်
လှတို့ ရွာစခန်း
လှမ်းကာသာမြန်းကြွခဲ့ကွယ် ။
ချောင်းရေကလေးကရယ်
ဖွေးလှတယ်အေးမြတယ်ကွယ်
လောင်းလှေကလေးနဲ့ ရယ်
ပြေးပြေးလို့ ကြိုမယ်
ချောင်းရေကလေးကရယ်
ဖွေးလှတယ်အေးမြတယ်ကွယ်
လောင်းလှေကလေးနဲ့ ရယ်
ပြေးပြေးလို့ ကြိုမယ်
လာပါကွယ် လာလာစမ်းပါကွဲ့ 
ရွာသာယာစခန်းဗွေအလယ်
ပျို့ မောင်တော်ကြီးရွှင်စေမယ် ။
လာပါကွယ် လာလာစမ်းပါကွဲ့ 
ရွာသာယာစခန်းဗွေအလယ်
ပျို့ မောင်တော်ကြီးပျော်စေမယ်
လျှမ်းထည်ဆန်းကြယ်
ခါတလှည့်လာခဲ့ပါလားကွယ် ။
( အတော )
တခါတခေါက်တော့
လာစေချင်တယ်
ထနောင်းပင်တောအလယ်
ခပေါင်းပင်နှောဆွယ်
သရက်တောဝိုင်းတဲ့
ရွာသာယာမယ်ပျော်စရာပါကွယ်
ကျောင်းကန်ဘုရားများနဲ့ 
ရွာဦးထိပ်မှာကွယ်
လောင်းလှေပြေးတဲ့
ချောင်းရေကလေးမယ်
ကြည်ကြည်လင်လင်
သန့် စင်ပါတယ် ။
( အတီး )
တခါတခေါက်တော့
လာစေချင်တယ်
ထနောင်းပင်တောအလယ်
ခပေါင်းပင်နှောဆွယ်
သရက်တောဝိုင်းတဲ့
ရွာသာယာမယ်ပျော်စရာပါကွယ်
ကျောင်းကန်ဘုရားများနဲ့ 
ရွာဦးထိပ်မှာကွယ်
လောင်းလှေပြေးတဲ့
ချောင်းရေကလေးမယ်
ကြည်ကြည်လင်လင်
သန့် စင်ပါတယ် ။
လာခဲ့ကွယ် ခါတလှည့်လည်
လာခဲ့ကွယ်
ဆီးလို့ သာကြိုမယ်အကိုရယ်
ကျုပ်တို့တောသူသဘောဖြူမို့ ကွယ်
ရိုးရိုးသားသားဖိတ်ခေါ်ပါတယ်
လာခဲ့ကွယ်
ခါတလှည့်လည် လာခဲ့ကွယ်
ရွာသာယာကလေး
အလွန်အေးတယ် ။
ချောင်းရေကလေးကရယ်
ဖွေးလှတယ်အေးမြတယ်ကွယ်
လောင်းလှေကလေးနဲ့ ရယ်
ပြေးပြေးလို့ ကြိုမယ်
ချောင်းရေကလေးကရယ်
ဖွေးလှတယ်အေးမြတယ်ကွယ်
လောင်းလှေကလေးနဲ့ ရယ်
ပြေးပြေးလို့ ကြိုမယ်
လာပါကွယ် လာလာစမ်းပါကွဲ့ 
ရွာသာယာစခန်းဗွေအလယ်
ပျို့ မောင်တော်ကြီးရွှင်စေမယ် ။
လာပါကွယ် လာလာစမ်းပါကွဲ့ 
ရွာသာယာစခန်းဗွေအလယ်
ပျို့ မောင်တော်ကြီးပျော်စေမယ်
လျှမ်းထည်ဆန်းကြယ်
ခါတလှည့်လာခဲ့ပါလားကွယ် ။
(Music created &
Smule မှ ကူးယူပြီး
StarMaker မှာပြန်လည်၍
ထပ်ဆင့်မျှဝေပါသည်
မူရင်းသက်ဆိုင်သူအားလုံးကို
Credits ပေးပါ၏
ကျေးဇူးတင်ပါသည်
ရဲနိုင်