menu-iconlogo
huatong
huatong
avatar

သနပ်ခါးမေ

သားသားhuatong
skis-officehuatong
歌詞
作品
သီချင်း - သနပ်ခါးမေ

တေးဆို - သားသား

တေရေး - လွတ်လပ်အိမ်

သနပ်ခါးလေးပါးပေါ်တင်

မြင်သူရှုမဆုံး မျက်လုံးအေးစရာ့ခင်

လှမျက်ချယ် ဘဝသက်လှယ်ပင်

ခဏမပျက်တယ် ဘဝတစ်သက်စာယှဉ်

ခင်ခင်မင်မင်ကြင်နာ အေးအတူပူအမျှ

ဖေးကူ အတူတကွ

တစ်ဦးနဲ့တစ်ဦးမှာ ငြူစူရစရာမမြင်

သနပ်ခါးလေးပါးပေါ်တင်

ဟန်ချီလေတိုင်း ရင်မောလွန်းစရာ့ခင်

တွေးလျက်ပင် မှေးစက်ရာဝင်

အရေးခက်တယ် ထွေးဖက်နေချင်

ပျော်ရွှင်ခေါ်ယူတူယှဉ်

မရိုးနိုင်အောင် တွယ်တာဆဲ

တိုးလို့သာ အကြင်နာကဲ

အမြဲတမ်းဘေးနား အစဉ်မခွါပဲနေချင်

တစ်ပွင့်ပန်းဆင်

လေယူရာဆံနွယ်လေးတွေ

တဝဲဝဲနဲ့အသည်းအေးစရာ့ပင်

ယဉ်မူရာလည်တိုင်ကျော့ကျော့

တမော့မော့နဲ့ငေးကြည့်လိုက်ချင်

အနမ်းလေးတွေ တသွေးသွေးနဲ့သူ့ကျောက်ပြင်

အလွမ်းလေးတွေမသွေးလိုက်နဲ့ ချစ်သူ့ကျောက်ပြင်

အတွေးအလှထဲမွှေးမြဆဲ သနပ်ခါးရင်ခွင်

သနပ်ခါးလေးပါးပေါ်တင်

မြင်သူရှုမဆုံး မျက်လုံးအေးစရာ့ခင်

လှမျက်ချယ် ဘဝသက်လှယ်ပင်

ခဏမပျက်တယ် ဘဝတစ်သက်စာယှဉ်

ခင်ခင်မင်မင်ကြင်နာ အေးအတူပူအမျှ

ဖေးကူ အတူတကွ

တစ်ဦးနဲ့တစ်ဦးမှာ ငြူစူရစရာမမြင်

တစ်ပွင့်ပန်းဆင်

လေယူရာဆံနွယ်လေးတွေ

တဝဲဝဲနဲ့အသည်းအေးစရာ့ပင်

ယဉ်မူရာလည်တိုင်ကျော့ကျော့

တမော့မော့နဲ့ငေးကြည့်လိုက်ချင်

အနမ်းလေးတွေ တသွေးသွေးနဲ့သူ့ကျောက်ပြင်

အလွမ်းလေးတွေမသွေးလိုက်နဲ့ ချစ်သူ့ကျောက်ပြင်

အတွေးအလှထဲမွှေးမြဆဲ သနပ်ခါးရင်ခွင်

更多သားသား熱歌

查看全部logo