(ကျား 1) ၀လုံးကလေးမှ
၀ိုင်းအောင်မရေးနိုင်ခင်
ရွှေလင်ဗန်းနဲ့ထမင်းဆီဆမ်းရယ်
(ကျား 2) အမေဆိုပြလိုက်တော့
ရွှေသားအတိပြီးတဲ့
လင်းဗန်းကြီးပဲ မက်မောကာ
(ကျား 1)ငါဟာလောဘတက်လာတယ်
(မ 1) ပုခက်တွင်းမှအဆင်း
မြေကြီးပေါ်နင်းကာစ
ရွှေယုံလေးနဲ့ ရွှေကျားပုံရယ်
(မ 2)အင်မတန်ကောက်ကျစ်တဲ့
ယုန်ဆိုးလေးကို
သိပ်ပြီးအားကျနေခဲ့တော့
(မ 1)ငါဟာကောက်ကျစ်တတ်လာတယ်
(ကျား 2) မျက်လုံးတစ်ဖက်
ကန်းနေခဲ့ပါရက်နဲ့
ဘုရင်ကိုဖမ်းပြီး အကျဉ်းချဝံ့သူ
ငရန်မန်ကန်းကြီးအား
အရမ်းဂုဏ်ပြုမိတော့
တို့ကျောင်းက သမိုင်းဆရာလေးတောင်
လူပေလေးလို့ ငါ့ကိုခေါ်
(မ 2) ဘိုင်စကုပ်ကြည့်တော့
လူကြမ်း ကိုအံ့ကျော်ကို
အလွန်တရာနှစ်သက် တတ်ခဲ့တယ်
ငါနံဘေးနားက ချစ်သူလေးကတောင်
တဖြည်းဖြည်း ငါ့ကိုလန့်ကာ
ကြင်နာတတ်မယ့် တစ်ယောက်ကိုရှာ
(မ တွဲ) ဒီလိုနဲ့
ဆန့်ကျင်ဘက်အမြင်တွေကို
သုံးသပ်ရင်းလူတွေအပေါ်
(ကျား 3) ဘယ်သူက မှားပြီးမှန်တယ်လို့
ဆုံးဖြတ်ခက်လာတယ်
(မ တွဲ) အဆိုးနဲ့အကောင်း
တွဲနေတတ်တာကို
မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်
(ကျား 2)ဒီအတွက်အကျိူးအမြတ်က
အများတစ်ကာ မေးငေါ့ကာ
အမြင်ကပ်လို့ မုန်းစရာဖြစ်ကာ
(ကျား 1)အရိုင်းအစိုင်းအဖြစ်မြင်လာ
(မ တွဲ): ဒီလိုနဲ့
ဆန့်ကျင်ဘက်အမြင်တွေကို
သုံးသပ်ရင်းလူတွေအပေါ်
(ကျား 1) ဘယ်သူက မှားပြီးမှန်တယ်လို့
ဆုံးဖြတ်ခက်လာတယ်
(မ တွဲ): အဆိုးနဲ့အကောင်း
တွဲနေတတ်တာကို
မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်
(ကျား 2): ဒီအတွက်အကျိူးအမြတ်က
အများတစ်ကာမေးငေါ့ကာ
အမြင်ကပ်လို့ မုန်းစရာဖြစ်ကာ
(ကျား 1)အရိုင်းအစိုင်းအဖြစ်မြင်လာ