menu-iconlogo
huatong
huatong
avatar

သမီးရဲ့ဦး

မေဆွိhuatong
natery911huatong
歌詞
作品
“ သမီးရဲ့ဦး

တေးရေး ကိုင်ဇာ

တေးဆို မေဆွိ

ပျော်ရွှင်စေလို စိတ်နဲ့ရယ်

စေတနာပို အလိုလိုက်ခဲ့တယ်

ဒီအကြောင်းတွေ သမီးစဉ်းစားပါတယ်

ဒါပေမယ့်လည်း ဦးရယ်

လူဆိုတာဟာ ခက်တယ်

မလာနိုင်မှန်း သိလျက်နဲ့တောင်

အကြင်နာကို စောင့်ကြည့်မိနေတယ်

အခင်မင်ပိုကာ တိုးလို့ရယ်

ဖြူစင်စွာပင် ခိုးချစ်တယ်

ဒီအကြောင်းတွေ သမီးတွေးမိပါတယ်

ဒါပေမယ့်လည်း ဦးရယ်

လူဆိုတာဟာ ခက်တယ်

မမြင်နိုင်မှန်း သိလျက်နဲ့တောင်

အကြင်နာကို တမ်းတမိနေတယ်

မခင်ရင်လည်းရပါတယ် မကြင်ချင်လည်းရပါတယ်

အခြေအနေကို နားလည်အောင်ပဲ

အမြဲတမ်း တွေးနေမယ်

မခင်ရင်လည်းရပါတယ် မကြင်ချင်လည်းရပါတယ်

ရင်ထဲကသမီးရဲ့ဦးကို အမြဲတမ်းနားလည်မယ်

ပျော်စရာအခြေအနေ မပျက်ဖို့ရယ်

မရှောင်ဖယ်ချင်တောင် စိမ်းရမယ်

ဒီအကြောင်းတွေ သမီးသိခဲ့ပါတယ်

ဒါပေမယ့်လည်း ဦးရယ်

လူဆိုတာဟာ ခက်တယ်

မငိုချင်တဲ့ အတွေးစိတ်နဲ့တောင်

ငိုစရာကို တွေးကြည့်မိနေတယ်

မခင်ရင်လည်းရပါတယ် မကြင်ချင်လည်းရပါတယ်

အခြေအနေကို နားလည်အောင်ပဲ

အမြဲတမ်း တွေးနေမယ်

မခင်ရင်လည်းရပါတယ် မကြင်ချင်လည်းရပါတယ်

ရင်ထဲကသမီးရဲ့ဦးကို အမြဲတမ်းနားလည်မယ်

မခင်ရင်လည်းရပါတယ် မကြင်ချင်လည်းရပါတယ်

အခြေအနေကို နားလည်အောင်ပဲ

အမြဲတမ်း တွေးနေမယ်

မခင်ရင်လည်းရပါတယ် မကြင်ချင်လည်းရပါတယ်

ရင်ထဲကသမီးရဲ့ဦးကို အမြဲတမ်းနားလည်မယ်

更多မေဆွိ熱歌

查看全部logo
သမီးရဲ့ဦး မေဆွိ - 歌詞和翻唱