menu-iconlogo
huatong
huatong
avatar

သီချင်လေးကိုချစ်တာလား

ဟေမာနေဝင်းhuatong
msbscohuatong
歌詞
作品
တို့ရဲ့ သီချင်းလေးကို မင်းခင်တွယ်တာလား

တို့ရဲ့ နှလုံးသား ကို မင်းကြင်နာတာလား

ကွဲပြားခြားနားတဲ့ .. အဖြေကို

ရောနှောမပြစ်လိုက်နဲ့

သေချာပြန် စဉ်းစားကြည့်လိုက်အုံး...

မရေမရာ တွေဝေကာ

မှားယွင်းဆုံးဖြတ်မှာ စိုးမိတယ်

ရောရောထွေးထွေး လာမချစ်နဲ့ကွယ်

တော်ကြာ ပြင်ရန်ခက်မယ်

မသေမချာ ဖြေသူရယ်

ခွဲခွဲခြားခြား ပြန်တွေးအုံးကွယ်

နောက်တော့မှ တို့ကို ဆွေးရအောင်

ယာယီ လာမချစ်နဲ့ ကွာ.

တို့ရဲ့ သီချင်းထဲ မှာ မင်းသာယာတာလား

တို့ရဲ့ နှလုံးသား ကို မင်းလိုချင်တာလား

မင်းရဲ့အတွင်း စိတ်က

ရည်ရွယ်ချက် ပြတ်ပြတ်သားသား

အချိန်ယူကာ အလေးနက် ဆုံးဖြတ်အုံး

ဖြူဖြူစင်စင်ခင်နိုင်တယ်

သီချင်းလေးကြောင့် တို့ ကို စွဲလမ်းရင်

သီချင်းကလေး ငြီးငွေ့သလို မင်းအချစ်တွေ

ကြာရှည်ခိုင်မာ ဖို့ မလွယ်

မှန်မှန်ကန်ကန် ဆင်ခြင်ကာ

နောက်ဆုတ်သင့်ခဲ့ရင် နောက်ဆုတ်ပါ

အေးချမ်းတဲ့ ဘ၀ လာမဖြတ်နဲ့ ကွာ

ကြိုတင် သတိပေးထားမယ်.

မှန်မှန်ကန်ကန် ဆင်ခြင်ကာ

နောက်ဆုတ်သင့်ခဲ့ရင် နောက်ဆုတ်ပါ

အေးချမ်းတဲ့ ဘ၀ လာမဖြတ်နဲ့ ကွာ

ကြိုတင် သတိပေးထားမယ်.

မရေမရာ တွေဝေကာ

မှားယွင်းဆုံးဖြတ်မှာ စိုးမိတယ်

ရောရောထွေးထွေး လာမချစ်နဲ့ကွယ်

တော်ကြာ ပြင်ရန်ခက်မယ်

မသေမချာ ဖြေသူရယ်

ခွဲခွဲခြားခြား ပြန်တွေးအုံးကွယ်

နောက်တော့မှ တို့ကို ဆွေးရအောင်

ယာယီ လာမချစ်နဲ့ ကွာ.

ယာယီ လာမချစ်နဲ့ ကွာ.

ကြိုတင် သတိပေးထားမယ်.

Th u (NCW)

更多ဟေမာနေဝင်း熱歌

查看全部logo
သီချင်လေးကိုချစ်တာလား ဟေမာနေဝင်း - 歌詞和翻唱