menu-iconlogo
huatong
huatong
avatar

အခါလွန်မိုး

အောင်ရင်huatong
amn461980huatong
歌詞
作品
အခါလွန်မိုး

အောင်ရင်

Introး

အတူနေခဲ့စဉ်

အရင်းနှီးဆုံး အချိန်များမှာ

နှလုံးသားချင်းနားလည်

ပါသော်လည်း အချစ်မှာ

မပွင့်လင်းခဲ့ ဘာကြောင့်များ

တိတ်တခိုးလေး စိတ်လှုပ်ရှား

ရင်ထဲကစကားများ

ကြိတ်မှိတ်မျိုသိပ်ထား

သြော်လွန်ခဲ့ပြီ

ဝေးသွားမှ ပြန်တွေးကာ

နှမြောတသလွမ်းနေ

ပါသော်လည်း မတတ်သာ

ယောက်ျားတို့ရဲ့မာန

သူ့မိန်းကလေးတို့ သဘာဝ

ရင်ထဲကပန်းတစ်ပွင့် သော့ခတ်လုံခြုံသွား

အခုတော့ဝေးခဲ့ပြီလေ

အခုတော့ဝေးခဲ့ပြီမေ

အခုတော့..ဝေးကြပြီတို့နှစ်ဦးသား

နှုတ်ဆက်မျက်ရည်လေးများ

အားလုံးမသိအောင် သိမ်းထား

အခါလွန်တဲ့မိုးမို့ အငြိုးနဲ့ရွာ

အကြင်နာစကားတွေ

အမြဲတမ်းပဲအိပ်မက်မှာ

တစ်ရေးနိုးတဲ့ညတွေဆို ပြန်အိပ်မရပါ

သူရောပဲကိုယ့်လိုများ

ယောင်ယမ်းတမ်းတနေမလား

ကိုယ်တွေးရင်း တွေးရင်း

ဝမ်းနည်း နေသလိုပါ

Music

အခုတော့ဝေးခဲ့ပြီလေ

အခုတော့ဝေးခဲ့ပြီမေ

အခုတော့..ဝေးကြပြီတို့နှစ်ဦးသား

နှုတ်ဆက်မျက်ရည်လေးများ

အားလုံးမသိအောင် သိမ်းထား

အခါလွန်တဲ့မိုးမို့ အငြိုးနဲ့ရွာ

အကြင်နာစကားတွေ

အမြဲတမ်းပဲအိပ်မက်မှာ

တစ်ရေးနိုးတဲ့ညတွေဆို ပြန်အိပ်မရပါ

သူရောပဲကိုယ့်လိုများ

(ယောင်ယမ်းပြီးတော့ တမ်းတနေမလား )

ကိုယ်တွေးရင်း တွေးရင်း

ဝမ်းနည်း နေသလိုပါ

ကိုယ်တွေးရင်း တွေးရင်း

ဝမ်းနည်း နေသလိုပါ

ကိုယ်တွေးရင်း တွေးရင်း

ဝမ်းနည်း နေသလို

ပါ........

By AyeKyaw greentiger

更多အောင်ရင်熱歌

查看全部logo