ခဏခဏ
တေးရေး နေထွဏ်းဦး
တေးဆို ငြိမ်းစည်သူ
INTRO
ခဏခဏ ချစ်တယ်ပြောလို့
ရိုးသွားမှာစိုးမိတယ်မေ..
ညညအိပ်မပျော်တာကို မင်း...မသိလို့ပါလေ..
ရသမျှအချိန်တိုင်းမှာ
ခဏခဏ ပြောပါရစေလေ..
ခဏခဏ တွေ့ချင်လွန်းလို့
မင်းဓာတ်ပုံလေးအနားမှာနေ..
စကားပြောတတ်ရင် တော်တော်ဆိုး..
ပြောလိမ့်မယ်လေ..
သတိရအချိန်တိုင်းမှာ
ခဏခဏ ကြည့်မိတယ်မေ..
ခဏခဏ တွေ့ချင်လွန်းလို့
အတားအဆီးမှန်သမျှ မမှုပါမေ..
မရမက ရောက်အောင်လာတာလည်း..
မင်းအသိပါလေ...
ဘ၀ ဘ၀ ဆက်တိုင်းမှာ
တစ်စ တစ်စ တိုးချစ်မယ်မေ..
မပြောမိလို့ မေ့ပျောက်သွားမှာ
ရင်မှာအမြဲစိုး..
ခြားနားလို့ ကြားကတိုးလာ
ဘ၀င်မှာလည်းစိုး..
များပြားတဲ့ကိုယ့်ရဲ့အချစ်တွေ
အချိန်ရှိတိုင်းတိုး...
ဒါကြောင့်မို့ ခဏခဏ ချစ်တယ်
ပြောမိတာ ရိုးသွားမှာစိုး..
Music
ခဏခဏ ချစ်တယ်ပြောလို့
ရိုးသွားမှာစိုးမိတယ်မေ..
ညည အိပ်မပျော်တာကို မင်း...မသိလို့ပါလေ..
ရသမျှအချိန်တိုင်းမှာ
ခဏခဏ ပြောပါရစေလေ..
ခဏခဏ တွေ့ချင်လွန်းလို့
မင်းဓာတ်ပုံလေးအနားမှာနေ..
စကားပြောတတ်ရင် တော်တော်ဆိုး..
ပြောလိမ့်မယ်လေ..
သတိရအချိန်တိုင်းမှာ
ခဏခဏ ကြည့်မိတယ်မေ..
ခဏခဏ တွေ့ချင်လွန်းလို့
အတားအဆီးမှန်သမျှ မမှုပါမေ..
မရမက ရောက်အောင်လာတာလည်း..
မင်းအသိပါလေ...
ဘ၀ ဘ၀ ဆက်တိုင်းမှာ
တစ်စ တစ်စ တိုးချစ်မယ်မေ..
မပြောမိလို့ မေ့ပျောက်သွားမှာ
ရင်မှာအမြဲစိုး..
ခြားနားလို့ ကြားကတိုးလာ
ဘ၀င်မှာလည်းစိုး..
များပြားတဲ့ကိုယ့်ရဲ့အချစ်တွေ
အချိန်ရှိတိုင်းတိုး...
ဒါကြောင့်မို့ ခဏခဏ ချစ်တယ်
ပြောမိတာ ရိုးသွားမှာစိုး..
ကျေးဇူးတင်ပါတယ်