menu-iconlogo
huatong
huatong
avatar

မောင့်ကိုဘယ်သူမှမချစ်ရပါဘူး

အေးမြဖြူhuatong
ကိုကိုဆိုးပေhuatong
歌詞
作品
"မောင့်ကိုဘယ်သူမှ မချစ်ရပါဘူး"

တေးရေး> ကိုမြတ်လင်း

တေးဆို> အေးမြဖြူ

Singer-1 > A , Singer-2 > B

Ready…!

3️⃣

2️⃣

1️⃣

Go

A>သူကဘယ်သူလဲလို့

မေးရမယ့်အဖြစ်မျိုး ရှောင်ပါကွယ်

စိတ်ဆိုးစရာ တွေ့နေဦးမယ်

သတိလည်းထားပေါ့ မောင်ရယ်

မိန်းကလေးမရှားလို့

စိမ်းပြေးမလားလို့

ပူပင်သောက ဖြစ်ရပါသေးတယ် ရှင့်

ချစ်လက်စ မယိုင်ချင်ပါတယ်

မေတ္တာရှိပါ

ဪ သစ္စာရှိပါ

ညာတာပလီတာ မကြိုက်ဘူးတကယ်

တွေးထင်မှားမယ်

အချစ်ဟာပေါ့ပျက်လွယ်

ဈေးတင်ထားတယ်

ကျွန်မမေတ္တာ အလျှော့ခက်တယ်

B>နာမည်ကျော်ရင် မိန်းကလေးတွေ

ဝိုင်းနေတတ်တယ်

တကယ်မြတ်နိုးလို့ ချစ်တဲ့သူတော့

မမေ့နဲ့နော်ကွယ်

နာမည်ကျော်ရင် မိန်းကလေးတွေ

ဝိုင်းဝိုင်းနေတတ်တယ်

တကယ်မြတ်နိုးလို့ ချစ်တဲ့သူတော့

မမေ့နဲ့နော်ကွယ်

ချစ်စပယ်သိတာပြောထားမယ်

ဆင်ခြင်ပါမောင်ရယ်

မောင်သွားလေရာ

တကောက်ကောက် လိုက်မကြည့်ပေမယ့်

မျက်လုံးလေးတွေ ထောင်နဲ့သောင်းနဲ့

မောင့်အနားမှာ ကြည့်နေကြမယ်

မခွဲပါအစဉ်မောတယ်

မလွှဲသာရင်ပြောကွယ်

လူတကာမြင်အောင် စာဆွဲမယ်

မောင့်ကိုဘယ်သူမှ မချစ်ရပါဘူးကွယ်

><><><><><

(မူရင်းသီဆိုသူ- ချစ်စပယ်)

တေးဂီတ>လကာဒီပ Orchestra

(စာသားပေးပို့သူ-

ညီမလေး သွဲ့ပျောင်းသံစဉ်)

Ready…!

3️⃣

2️⃣

1️⃣

Go

A>ပြိုင်တူမြင်လို့ သိပ်ကြောက်တယ်

အနိုင်ယူချင်လို့ စိတ်ကောက်မယ်

မိန်းကလေးလက်နက်ဆိုတာ

မျက်ရည်စက်ပါမောင်ရယ်

မရိုးတဲ့အတွင်းစကားဖော်မယ်

ဆိုးတဲ့သတင်းများအပေါ်လွယ်

ကျောက်စရစ်ခဲလေးတွေ

တောင်ပုံယာပုံထဲဝယ်

စိန်ခဲမြခဲပတ္တမြားခဲလေး

တစ်လုံးလောက်ရှာပေးကွယ်

ဟင် တွေ့မယ်ဆိုရင်

ထမင်းထုပ်အသိုး

ချစ်အဖိုးခပေးကာရယ်

ကြည်ကြည်ဖြူဖြူခွင့်လွှတ်တယ်

ကျွန်မသဘောထားလေး

ဒီတစ်ခါပြလိုက်မယ်

><><><><><><><

(မူရင်းတေးရေး+တေးဆို+

တီးခတ်သူ+စီစဉ်သူ+

ထုတ်ဝေသူအားလုံးကို

လေးစားကျေးဇူးတင်လျက်)

-ကိုကိုဆိုးပေ-

Ready…!

3️⃣

2️⃣

1️⃣

Go

B>ပြိုင်တူမြင်လို့ သိပ်ကြောက်တယ်

အနိုင်ယူချင်လို့စိတ်ကောက်မယ်

မိန်းကလေးလက်နက်ဆိုတာ

မျက်ရည်စက်ပါမောင်ရယ်

မရိုးတဲ့အတွင်းစကားဖော်မယ်

ဆိုးတဲ့သတင်းများအပေါ်လွယ်

ကျောက်စရစ်ခဲလေးတွေ

တောင်ပုံယာပုံထဲဝယ်

စိန်ခဲမြခဲပတ္တမြားခဲလေး

တစ်လုံးလောက်ရှာပေးကွယ်

ဟင် တွေ့မယ်ဆိုရင်

ထမင်းထုပ်အသိုး

ချစ်အဖိုးခပေးကာရယ်

ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တယ်

ကျွန်မသဘောထားလေး

ဒီတစ်ခါပြလိုက်မယ် လို့

A>နာမည်ကျော်ရင် မိန်းကလေးတွေ

ဝိုင်းနေတတ်တယ်

တကယ်မြတ်နိုးလို့ ချစ်တဲ့သူတော့

မမေ့နဲ့နော်ကွယ်

နာမည်ကျော်ရင် မိန်းကလေးတွေ

ဝိုင်းနေတတ်တယ်

တကယ်မြတ်နိုးလို့ ချစ်တဲ့သူတော့

မမေ့နဲ့နော်ကွယ်

အချစ်အသစ်.. ရှာရင်လွယ်

အပြစ်ဖြစ်စရာမြင်မယ်

မုန့်ကလေးများဖြင့်

တစ်ခြမ်းတစ်ဖဲ့ဆိုသလို

မျှကာဝေနိုင်တယ်

ကိုယ့်ချစ်သူကို သူများချစ်မှာ

သူများကြိုက်မှာ သူများလုမှာ

ဘယ်မိန်းကလေးမဆို စိုးရိမ်မှာပဲကွယ်

(ဒါ့ကြောင့်မို့လေ)

ချစ်တယ်ဆိုရင် သနားတယ်ဆိုရင်

မြတ်နိုးပါတယ်ဆိုရင်တကယ်

မခွဲပါအစဉ်မောတယ်

မလွှဲသာရင်ပြောကွယ်

လူတကာမြင်အောင်စာဆွဲမယ်

မောင့်ကိုဘယ်သူမှ မချစ်ရပါဘူးကွယ်

><><><><><><><

"သီဆိုရွှင်လန်း ဘဝအပန်းပြေပါစေ။"

-ကိုကိုဆိုးပေ-

(သီချင်းတင်‌ပေးသူစီနီယာ များကိုလေးစားလျက်)

更多​အေးမြဖြူ熱歌

查看全部logo