ပန်းခြောက်ကလေးနွမ်းသလောက်မွှေးတယ်
ဆို-Aဝတီသင်း
🎵M🎶U🎶S🎵I🎶C🎶
ⓤⓟⓛⓞⓐⓓⓔⓡ
🇲🇲ⓝⓨⓔⓘⓝ🇲🇲🤗🤗
အလှတွေခမ်းခြောက်
နွမ်းလောက်ပါတယ်
အစွန့်ပစ်ခံ ပန်းခြောက်ကလေးရယ်
ကိုယ်ချင်းစာသနားလှပါတယ်
မင်းနဲ့ကိုယ်ဘဝချင်းကတော့
အတူတူပဲကွယ်...
လိုသောအခါသုံး
မုန်းတော့ပစ်ကြတယ်
ရက်စက်လို့မညှာတာတယ်
ပန်းခြောက်လေးရယ်
မင်းရဲ့ဘဝကိုယ့်ဘဝလိုပဲကွယ်
🎵M🎶U🎶S🎵I🎶C🎶
အလှတွေခမ်းခြောက်
နွမ်းလောက်ပါတယ်
အစွန့်ပစ်ခံ ပန်းခြောက်ကလေးရယ်
ကိုယ်ချင်းစာသနားလှပါတယ်
မင်းနဲ့ကိုယ်ဘဝချင်းကတော့
အတူတူပဲကွယ်...
လိုသောအခါသုံး
မုန်းတော့ပစ်ကြတယ်
ရက်စက်လို့မညှာတာတယ်..
ပန်းခြောက်လေးရယ်
မင်းရဲ့ဘဝကိုယ့်ဘဝလိုပဲကွယ်
🎵M🎶U🎶S🎵I🎶C🎶
ဟိုအစဉ်လိုချင်တုံးက
ကျလောက်ပါတယ်
မြတ်နိုးလှတယ် တန်ဖိုးထားမယ်
စိတ်ပျော်စရာစကားနဲ့ရယ်
ထိပ်ပေါ်မှထားမယ်တဲ့ကွယ်
ယုံမှတ်လို့ပုံအပ်မိပါတယ်
ကျားခံတွင်းကို
ဆင်းမိသလိုကွယ်
နောက်ကျနောင်တတွေနဲ့ရယ်
ပန်းခြောက်လေး စွန့်ပစ်သွားသလို
လွယ်လွယ်လေး လမ်းခွဲလို့သွားတယ်
လွမ်းသလောက်တေးတွေ
မဆိုချင်ဘူးကွယ်
မှန်းထောက်တွေး
နွမ်းခြောက်အဆွေးကမ္ဘာဝယ်
အားမငယ်ပါနဲ့
ပန်းခြောက်လေးရယ်
စွမ်းသလောက်ဂုဏ်နဲ့
ရှေ့ဆက်ကြမယ်ကွယ်
ပန်းခြောက်လေးရယ်
နွမ်းသလောက်တော့
မွှေးပါသေးတယ်
🎵M🎶U🎶S🎵I🎶C🎶
ဟိုအစဉ်လိုချင်တုံးက
ကျလောက်ပါတယ်
မြတ်နိုးလှတယ် တန်ဖိုးထားမယ်
စိတ်ပျော်စရာစကားနဲ့ရယ်
ထိပ်ပေါ်မှထားမယ်တဲ့ကွယ်
ယုံမှတ်လို့ပုံအပ်မိပါတယ်
ကျားခံတွင်းကို
ဆင်းမိသလိုကွယ်
နောက်ကျနောင်တတွေနဲ့ရယ်
ပန်းခြောက်လေး စွန့်ပစ်သွားသလို
လွယ်လွယ်လေး လမ်းခွဲလို့သွားတယ်
လွမ်းသလောက်တေးတွေ
မဆိုချင်ဘူးကွယ်
မှန်းထောက်တွေး
နွမ်းခြောက်အဆွေးကမ္ဘာဝယ်
အားမငယ်ပါနဲ့
ပန်းခြောက်လေးရယ်
စွမ်းသလောက်ဂုဏ်နဲ့
ရှေ့ဆက်ကြမယ်ကွယ်
ပန်းခြောက်လေးရယ်
နွမ်းသလောက်တော့
မွှေးပါသေးတယ်
ကျေးဇူးတင်ပါသည်😍ငြိမ်း😍