menu-iconlogo
huatong
huatong
avatar

တကယ်လို့

Ayaka Hiraharahuatong
onarafittabhuatong
歌詞
作品
သီချင်း - တကယ်လို့

တေးဆို - MORISAKI WIN

HIRAHARA AYAKA

တကယ်လို့

မင်းလေးကမျှော်လင့်တယ်ဆို

တကယ်လို့

မင်းလေးကမျှော်လင့်တယ်ဆို

နောက်ထပ်နောက်ထပ်

နီးစပ်ဖို့ အို...သေချာဖို့ရှိမယ်

သူပြောခဲ့တယ်

ကိုယ်စကားလုံးတွေရဲ့အဓိပ္ပာယ် အို…မင်းနားမလည်

ရှာဖွေဆဲ အဖြေရှာဆဲ အို…အဘိဓာန်ထဲ

ကိုယ်မတွေ့ခဲ့ သူဆိုတဲ့စကားတွေရယ်

ပြီးတော့သူငိုပြန်တယ်

ဆင်ခြေမပေးပါနဲ့လား အို…

အကြောင်းပြချက်တွေ

ဘာကြောင့်များ နင်လေ

နားမလည်နိုင်လဲ ခက်နေတယ်

ငါသိခဲ့ နင်မချစ်နိုင်တာ

အရမ်းပဲ အရမ်းပဲ မုန်းပစ်လိုက်ချင်တယ် အို…

နှလုံးသားချင်းနီးစပ်ဖို့

ဒဏ်ရာတွေရခဲ့ပေမယ့်လေ

တကယ်တမ်းကျတော့

ထွေးပွေ့လို့ ထားလိုက်ချင်မိတယ်

စကားလုံးများပြောထွက်ဖို့

ရွေးချယ်ခဲ့တာကြာပေါ့တို့တွေ

အားလုံးထက် နှုတ်ဆိတ်ခဲ့တယ်နော်

တကယ်လို့ စကားလုံးများသာမရှိရင်ပေါ့

တကယ်လို့ တို့ရဲ့မာနတွေ မရှိရင်ပေါ့

နောက်ထပ် နောက်ထပ်

နောက်ထပ်တစ်ကြိမ် ပြန်ဆုံနိုင်ဖို့ရှိမယ်

တကယ်လို့ တို့ရဲ့နာမတွေ မရှိရင်ပေါ့

တကယ်လို့တို့ရဲ့ ခန္ဓာတွေမရှိခဲ့ကြရင်

ငါတို့ဘယ်လောက်ထိတောင်

အို…နီးစပ်နိုင်မလဲ

ဆုပ်ကိုင်ထားတဲ့အရာတွေ

လက်တွဲဖြုတ်ကြဖို့အတွက်လေ

အို…ဆုံးဖြတ်ချိန်တန်ခဲ့ပြီ

အို…ဒီမှာ နေရောင်ခြည်ဖြာနေတဲ့အလင်းနဲ့

ပန်းရနံ့တွေလည်းမရှိ

တကယ်ကိုခြောက်ကပ်နေသလို

အစဦးဆုံးတွေးရင်း

နားလည်လာခဲ့မိတာတွေရှိတယ်

မမြင်နိုင်တဲ့ အို…အနာဂတ်များဆီ

အို…မင်းတစ်ယောက်ကလွဲပြီး…

မင်းမှ မင်းမှ မင်းမှ လွဲကာ

အို…မရှိဘူးနော်

သိန်းသန်းမက အလွဲများထဲ

ငါတို့အကြိမ်ကြိမ်လွဲမှားနေဆဲ

မနွေးထွေးတဲ့ Message များမှာ

တို့တွေနစ်မွန်းလို့နေဆဲ

စကားလုံးများမရှိတဲ့

သတ္တဝါများတောင်ပိုနီးစပ်နေတယ်

တို့နှစ်ယောက်တော့ ဝေးရင်းဝေးနေတော့

တကယ်လို့

သမိုင်းကြောင်းတို့သာ မရှိရင်ပေါ့

တကယ်လို့

စည်းမျဉ်းနယ်နိမိတ်တွေမရှိရင်ပေါ့

နောက်ထပ် နောက်ထပ်

နောက်ထပ်တစ်ကြိမ် ပြန်ပြင်ဆင်ခွင့်ရှိမယ်

တကယ်လို့ မင်းလေးကမျှော်လင့်တယ်ဆို

တကယ်လို့ မင်းလေးကမျှော်လင့်တယ်ဆို

နောက်ထပ် နောက်ထပ်

နောက်ထပ်တစ်ကြိမ်

အတူတူပြန်နီးစပ်နိုင်မယ်

တကယ်လို့ မင်းလေးမရှိဘူးဆိုရင်

တကယ်လို့ မင်းလေးမရှိဘူးဆိုရင်

တကယ်လို့ မင်းလေးမရှိရင်

ရှင်သန်နိုင်ဖို့ မလွယ်ကူတော့

တကယ်လို့ ဘယ်လောက်နက်ပါစေ

ပင်လယ်ကြီး

တကယ်လို့ သက်တန့်ကြီးကို ကျော်ဖြတ်ပြီး

နောက်ထပ် နောက်ထပ်

နောက်ထပ်တစ်ကြိမ် အတူတူပြန်နီးစပ်နိုင်မယ်

တကယ်လို ပွေ့ဖက်ထားမယ် အတူတူပေါ့

တကယ်လို့ အပြုံးများနဲ့ ရယ်မောရင်းပေါ့

ငါတို့ အမြဲတမ်း အမြဲလေ အတူတူနေဖို့ရှိမယ်

更多Ayaka Hirahara熱歌

查看全部logo