Thiry Three - 33 (Big Bag) 
*Solo 
မဆိုချင်ပေမဲ့ လဲ 
အစအဆုံး တစ်ခေါက်ထပ်ဆိုအုံးမယ် 
ဒီနေရာမှာလည်နေတဲ့ 
ဒီသီချင်း ဘယ်တော့မှပီးမှာလဲ 
လက်လဲညောင်း သွားပြီ 
ငါ့အာခေါင်တွေ နာနေပြီ 
ငါ့ကို ဘယ်သူမှ အရေးမလုပ်ကြတော့ဘူး... 
အပြင်မှာနေသာလို့ 
အိမ်ထဲ ထီးဆောင်းရအုံးမယ် 
အပြင်မှာနေမသာလဲ 
ဝတ္တရားမပျက်ဖို့အရေး ကြီးတယ် 
နေလဲ စောင်းသွားပြီ 
လူတွေကို ငါမုန်းတီး 
ဘဝဟာ ဘာမှမဟုတ်တဲ့သစ်တော်သီး 
!>> ဘာလာ ရှာပါသလဲ 
ဘာမှ မရှိလို့စိတ်မကောင်းပါ 
ပန်းကန်မှာကျန်နေတဲ့ 
တစ်ဝက်ပဲရှိတဲ့ ထမင်းလုံးလား 
ငါလဲပုရွက်ဆိတ် ပါ 
တော်သလိုသာနေကြပါ 
ငါ့ကို လာမကိုက်ကြနဲ့မရတော့ဘူး.. <ဘာလာ ရှာပါသလဲ 
ဘာမှ မရှိလို့စိတ်မကောင်းပါ 
ပန်းကန်မှာကျန်နေတဲ့ 
တစ်ဝက်ပဲရှိတဲ့ ထမင်းလုံးလား 
ငါလဲပုရွက်ဆိတ် ပါ 
တော်သလိုသာနေကြပါ 
ငါ့ကို လာမကိုက်ကြနဲ့မရတော့ဘူး.. 
Guitar မလိုပါဘူး 
ခြေထောက်နှစ်ချောင်းထဲနဲ့ ဆက်တီးမယ် 
ဒမ် ဒမ် ဒီဒီဒီ What I mean is What I see 
နံပါတ်က Thirty Three 
သေသေချာချာငါမှတ် မိ 
ငါ့ လည်မှာသူတို့ဆွဲပေးတဲ့Locket သီး... 
မဆိုချင်ပေမဲ့ လဲ 
အစအဆုံးတစ်ခေါက် ထပ်ဆိုအုံးမယ် 
ဒီနေရာမှာ လည်နေတဲ့ 
ဒီသီချင်းဘယ်တော့မှပြီး မှာလဲ 
လက်လဲညောင်း သွားပြီ 
ငါဆိုတာဘယ်သူမှ မသိ 
ဘဝဟာဘာမှမရှိတဲ့ ဥသျှစ်သီး 
ငါ့ လည်မှာသူတို့ဆွဲပေးတဲ့ Locketသီး 
xxxXXXxxx