menu-iconlogo
huatong
huatong
avatar

ဆေးကျောင်းသား

Blueberryhuatong
skeensharonhuatong
歌詞
作品
ဆေးကျောင်းထဲက ကောင်ကလေး

သိပ်ချစ်လွန်းလို့ ငါလိုက်ငေး

ခိုးခိုးပြီးတော့ အကြိမ်ကြိမ်ကြည့်

သူလေ တကယ်ကိုမသိ

ဆေးကျောင်းထဲသို့ ငါလိုက်သွား

တို့တစ်ယောက်တည်းမို့ အူကြောင်ကြား

မိုးတိုးမတ်တတ် နေတကာရပ်

ငူငူငိုင်ငိုင်နဲ့

ကောင်ကလေးရေ မင်းကို

သိပ်ချစ်လို့သာ ကိုယ့်မှာ

ဒုက္ခများစွာ ရင်ဆိုင်ရ

ဒါပေမယ့်လေ အချစ်ရာ

ကိုယ့်အတွက် ပြဿ နာ မရှိပါ

မင်းနဲ့တွေ့ရင် ပျော်ရွှင်မှာပါ

စတွေ့မိတဲ့ ပုံရိပ်လေး

အခုထိ တို့ဖြင့်မမေ့သေး

တွေ့လိုက်တိုင်းလည်း ရင်ခုန်သံလေး

မြန်မြန်လာပြီဟေ့

ဂျူတီကုတ် အဖြူရောင်လေးနဲ့

သိပ်ခန့်တဲ့ ကောင်လေးရာ

ကိုယ့်ရဲ့အသည်းကို အမြန်ကုစားပါ

ဆိုင်သူရှိရင် ကိုယ့်ကို

နည်းနည်းလောက် ချန့်စ်ပေးပါ

သိပ်ချစ်တဲ့ ဒေါက်တာလေးရာ

ကျောင်းကြီးထဲက ထိုင်ခုံလေး

တို့နဲ့မင်းအတွက် အဖော်လုပ်ပေး

အသိအမှတ်ပြုဖို့ ဒီကောင်မလေး

ဝန်ခံပါတယ်လေ

အတန်းရှေ့ဖြတ်လို့ အခါခါရပ်

မျက်စိနောက်လို့ အမြင်တွေကပ်

မင်းအတန်းထဲက အဖော်တွေများ

ဒီကို လှောင်ကြမလား

စာတွေလုပ်ကာ မင်းမှာ

စိတ်ညစ်မိရင်လည်းကွာ

တို့ရဲ့သီချင်းကို ပြန်လည်ကြားပါ

ဒါပေမယ့်လေ တို့ဟာ

မိန်းကလေးဘ၀မို့ သနားပါ

မင်းရဲ့အချစ်ကို မျှော်နေမှာပါ

စတွေ့မိတဲ့ ပုံရိပ်လေး

အခုထိ တို့ဖြင့်မမေ့သေး

တွေ့လိုက်တိုင်းလည်း ရင်ခုန်သံလေး

မြန်မြန်လာပြီဟေ့

ဂျူတီကုတ် အဖြူရောင်လေးနဲ့

သိပ်ခန့်တဲ့ ကောင်လေးရာ

ကိုယ့်ရဲ့အသည်းကို အမြန်ကုစားပါ

ဆိုင်သူရှိရင် ကိုယ့်ကို

နည်းနည်းလောက် ချန့်စ်ပေးပါ

သိပ်ချစ်တဲ့ ဒေါက်တာလေးရာ

ဂျူတီကုတ် အဖြူရောင်လေးနဲ့

သိပ်ခန့်တဲ့ ကောင်လေးရာ

ကိုယ့်ရဲ့အသည်းကို အမြန်ကုစားပါ

ဆိုင်သူရှိရင် ကိုယ့်ကို

နည်းနည်းလောက် ချန့်စ်ပေးပါ

သိပ်ချစ်တဲ့ ဒေါက်တာလေးရာ

ကျေးဇူးတင်ပါတယ်

更多Blueberry熱歌

查看全部logo