menu-iconlogo
huatong
huatong
avatar

ဒွိဟ Dwi Ha

Bobby Soxerhuatong
🎤ငပြောင်ရီး🎤huatong
歌詞
作品
ဒွိဟ

မလွယ်ပါဘူး

လူတစ်ယောက်ကို

ယုံကြည်ဖို့ကမလွယ်ပါဘူး...

မလွယ်ပါဘူး

လူတစ်ယောက်ကိုချစ်လာဖို့က

မလွယ်ပါဘူး မလွယ်ပါဘူး

စိတ်ကူးနဲ့လက်တွေ့တို့က

ထပ်တူတော့မကျလဲ

နင်င့ါကိုစိတ်ပျက်ပြီးတော့

့ထားသွားလဲအပြစ်မဆိုရဲ

ငါမိဘများအသိုင်းအဝိုင်းက

နည်းနည်းတော့ပွားတယ်

သူတို့ရဲ့စိတ်ကြိုက်တိုင်းငါ

နေနေရတဲ့လူပဲ

စိတ်ကြီးတဲ့ငါ့ရဲ့အကိုရဲ့

ဒေါသလဲကြောက်ရတယ်

တကယ်တမ်းတော့ငါ့ရဲ့ဘဝက

လှောင်အိမ်ထဲငှက်လိုပဲ

သူတို့ရဲ့ပြောစကားများက

ငါ့အတွက်ဘာပြောကြလဲ

ငါချစ်တဲ့မင်းနဲ့ဝေးတော့

လွမ်းရလဲငါပါပဲ

ဘယ်တော့မှလွတ်လပ်ခွင့်တို့

ငါ့အတွက်ရနိုင်မလဲ

စိတ်ပျက်ကာလေရင်မောတယ်

အချစ်တွက်တာဝန်မကျေတော့လဲ

ဘယ်တော့မှ

မင်းလေးငါ့ကိုခွဲမသွားပါနဲ့ 

တနေ့နေ့ငါလေဖွင့်ပြောမယ်

မိဘတွေဆီဝန်ခံလိုက်မယ်

မလွယ်ပါဘူး

လူတစ်ယောက်ကို

ယုံကြည်ဖို့ကမလွယ်ပါဘူး

ဖေဖေမေမေကပြောတယ်

အချစ်ကပူတယ်မကစားနဲ့ 

မလွယ်ပါဘူး

လူတစ်ယောက်ကို

ချစ်လာဖို့ကမလွယ်ပါဘူး

ဖေဖေမေမေမှာထားလဲ

မင်းရှေ့ရောက်ရင်

အကုန်မေ့သွားတယ်

မလွယ်ပါဘူး

မင်းကိုမေ့နိုင်ဖို့ကလဲ

မလွယ်ပါဘူး

လူကိုထင်တယ်စိတ်ကစားတယ်

တော်ကြာရင်ဒါတွေမေ့သွားမယ်

မလွယ်ပါဘူး

မင်းကိုချစ်နေဖို့ကလဲ

မလွယ်ပါဘူး

ယုံကြည်ချင်ပါသော်လည်းကွယ်

မိဘတွေဆူမှာရင်မောတယ်

ချစ်တဲ့သူပြောတယ်

မိဘတွေပြောတယ်

မတူညီဒွိဟပြိုင်မျဉ်းထဲမှာ

ကြာရင်ရူးတော့မှာပဲကွယ်

ချစ်တဲ့သူပြောတယ်

မိဘတွေပြောတယ်

မတူညီဒွိဟပြိုင်မျဉ်းထဲမှာ

ကြာရင်ရူးတော့မှာပဲကွယ်

Yo...ဘယ်လိုမေ့ရမှာလဲ

မနေ့တနေ့ကပဲ

အိမ်ကဆူတာခံလိုက်ရလို့

ခေါင်းကျိန်းစရာပဲ

ဒီလိုအတွေးကမ္ဘာထဲ

ခေါင်းတွေဝှေ့ကာလည်

ငါ့အတွက်နှစ်ဦးနှစ်ဖက်စလုံးက

အရေးပါတယ်အော်

စဉ်းစားရကြပ်ပါသည်

ဒါပေမယ့်တွေ့ချင်နေတော့

လဲခက်ပါ၏

မလွမ်းရတဲ့နေ့ဆိုတာ

တစ်ရက်မှမရှိ

အသံလေးကြားရရင်ပဲ

ကျေနပ်ပါပြီ

ရှေ့ကိုတိုးဖို့ခက်သလို

နောက်ဆုတ်ဖို့ကလဲမလွယ်

ခံစားချက်ရှိတဲ့လူက

ကျောက်ရုပ်မဟုတ်ပဲကွယ်

ထင်ရာစိုင်းစိတ်ရှိတိုင်း

လျှောက်လုပ်ဖို့လဲပဲ

မဖြစ်သေးတော့မှိုင်နေရတာ

ကျောက်ရုပ်လိုပဲအမြဲ

အချစ်ကိုတွေ့ရင်

ဘာမှမမြင်တော့တယ်

ဆိုရိုးစကားကိုအရင်ကမှန်တယ်

မထင်သော်လည်းပဲ

လက်တွေ့ငါသိရပြီ

ဘာမှအဆင်မချောတယ်

ရှေ့ဆက်ရမယ့်နေ့ရက်တွေက

ိုတွေးပြီးရင်မောတယ်

မလွယ်ပါဘူး

လူတစ်ယောက်ကို

ယုံကြည်ဖို့ကမလွယ်ပါဘူး

ဖေဖေမေမေကပြောတယ်

အချစ်ကပူတယ်မကစားနဲ့ 

မလွယ်ပါဘူး

လူတစ်ယောက်ကို

ချစ်လာဖို့ကမလွယ်ပါဘူး

ဖေဖေမေမေမှာထားလဲ

မင်းရှေ့ရောက်ရင်

အကုန်မေ့သွားတယ်

မလွယ်ပါဘူး

မင်းကိုမေ့နိုင်ဖို့ကလဲ

မလွယ်ပါဘူး

လူကိုထင်တယ်စိတ်ကစားတယ်

တော်ကြာရင်ဒါတွေမေ့သွားမယ်

မလွယ်ပါဘူး

မင်းကိုချစ်နေဖို့ကလဲ

မလွယ်ပါဘူး

ယုံကြည်ချင်ပါသော်လည်းကွယ်

မိဘတွေဆူမှာရင်မောတယ်

ချစ်တဲ့သူပြောတယ်

မိဘတွေပြောတယ်

မတူညီဒွိဟပြိုင်မျဉ်းထဲမှာ

ကြာရင်ရူးတော့မှာပဲကွယ်

ချစ်တဲ့သူပြောတယ်

မိဘတွေပြောတယ်

မတူညီဒွိဟပြိုင်မျဉ်းထဲမှာ

ကြာရင်ရူးတော့မှာပဲကွယ်

更多Bobby Soxer熱歌

查看全部logo