သီချင်း - အချစ်ဟူသည်
တေးဆို - Byad Wi, Byad Da, Ya Kouk
မြှားနတ်မောင်မေးခွန်းထုတ်မယ်
မင်းနဲ့ငါနဲ့ ထာဝစဉ်နီးမလား
လက်ထပ်မယ် အာဂျင်တီးနားမှာ
ကလေးတွေဘာတွေ တစ်ဒါဇင်မီးဖွား
ဘာလုပ်လုပ်ဆရာတင်ပီးသား
မင်းကငါရဲ့ ဇကာတင်ရီးစား
လောလောဆယ်ချစ်ရေးဆိုမယ်
ယူတာဘာညာ ဝါဝင်ပြီးမှ
ကျွန်တော်ဘာလုပ်လုပ်အကောင်းမမြင်ဘူး အဆိုးမြင်တဲ့အချက်
အမြင်လဲမမှားချင်သမက်ကို သူခိုးထင်တဲ့အကွက်
ဟိတ်ကလေးအမိန့်ပေးရင် ကြိုးစင်လဲတက်
ဇိုးမထင်နဲ့ crush ထမင်းစားတိုင်း အရိုးနွှင်မယ့်ဂတက်
လူချင်သားဝေးလဲ နှလုံးသား အနေမဝေးပါဘူးနော်
ကိုကိုရေ ဆိုတာနဲ့ငါရေပေးကာ ဖူးမျှော်
ရှေ့ရေးမှာဦးတော်လုပ်ဖို့ မသေဆေး ငါတူးဖော်
စိတ်ချယုံကြည်ပါ အိုင်တွေ့တိုင်းလဲ ခြေမဆေးပါဘူးနော်
Rapper လေးအသေအလဲ ကြိုက်တယ်
မင်းနဲ့အတူ စည်ဘီယာကို
မင်းနဲ့ကပ်တဲ့ကောင်တွေပုတ်ထုတ်မယ်
ဂိုးသမားလေး ဒီဂီရာ လို
ချစ်သူတွေဖြစ်ရင် ခေါ်သွားမယ် ဘော်ဘော်အသစ်တွေဆီ
အဖြေအမြန်ပေးပါမရတော့ဘူး တော်တော်ဖြစ်နေပြီ
ရင်ခုန်သံတွေမြန်နေလို့ကလေးရေ
ဒီဝေဒနာအမြန်လာကုစားကွယ်
အန္တာရာယ်တွေ အကုန်ကျော်ဖြတ်မယ်
မင်းဘေးနားနားအမြဲတမ်းရှိချင်လို့
ယုံကြည်ပါကွယ်ရှောင်ဖယ်လို့မပြေးနဲ့
ကြင်နာစရာတွေသယ်ဆောင်လာပေးမယ်
အချစ်ရယ် မင်းလေးရှိရင် အားလုံးပြည့်စုံတယ်
ပါဝါကြီးသည် မာနကြီးသည်
အို ငါရဲ့ထာဝရမင်းသမီး
အဖြေတောင်းတိုင်း အခါခါ busy နဲ့
တစ်ချို့ကောင်တွေ ဟာဟာ ဟီးဟီး
ဘော်ဒါတွေလာလာခွီးသည်
အချစ်အတွက်ဆိုအာဏာမရှိသည်
ဘကြီးစိုင်းလို ဆိုချင်တာပေါ့ ငါအချစ်သီချင်းတွေ ဒါဒါဒီးဒီး
Father Mother မကြောက်နဲ့ ပြန်ချစ်ကြားလား
အားအားမအားအား ပျော်အောင်ထားမယ့်
brother အနားမှာရှိတိုင်းရယ်ရမှာနော်
တဝါးဝါးနဲ့ တဟာဟား
ကုလားကားထဲကလို အကြားကြီးကမယ် နှပါးသွား
ကမ္ဘာကြီးပေါ်ဝယ် အတူတူပျော်ကြမယ်
ဘဝခရီးဖော်ရယ် နင့်အသံတွေမကြားမှာစိုးလို့
နင်ပြန်ချစ်မှ နားဖာဂျီးကလော်မယ်
မျောက်ရှုံး ကျင်ဝှက် အောင်သော်
အောင်မော်နဲ့ ကြာစိတော်လဲ
မင်းအပြုံးလေး မမြင်ရ ငါမရယ်နိုင်ပါဘူး
ဘာကြည့်ပျော်မလဲ
ဆရာကြီး မခေါ်လဲ ငါစောင့်ရှောက်ပါ့မယ်
ဖခမည်းတော်သဖွယ် အပျင်းပြေ လာကြည့်နော်ဟယ်
လွမ်းလွန်းလို့ မသာကြီးပေါ်မယ်
ရည်းစားတွေဖြစ်ရင်ထားမယ်
ဘရာဇီးဟော်တယ်က အရာရှိကတော်သဖွယ်
နင်မြန်မြန်ချစ်ပါတော့ကွာ
၁ ကနေ ငါ ၁၀၀ ထိခေါ်မယ်
ရင်ခုန်သံတွေမြန်နေလို့ကလေးရေ
ဒီဝေဒနာအမြန်လာကုစားကွယ်
အန္တာရာယ်တွေ အကုန်ကျော်ဖြတ်မယ်
မင်းဘေးနားနားအမြဲတမ်းရှိချင်လို့
ယုံကြည်ပါကွယ်ရှောင်ဖယ်လို့မပြေးနဲ့
ကြင်နာစရာတွေသယ်ဆောင်လာပေးမယ်
အချစ်ရယ် မင်းလေးရှိရင် အားလုံးပြည့်စုံတယ်
ငါကြိုးစားလိုက်မယ်
ချစ်ခြင်းတရားတို့ဟူသည်ရယ်
လေးနက်တဲ့ အဓိပ္ပာယ်
ငါတို့နှစ်ယောက်ရဲ့ကမ္ဘာ
အမြန်ဆုံးနီးစပ်စေချင်လို့
ဒါမင်းလေးသိစေဖို့
ရင်ခုန်သံတွေမြန်နေလို့ကလေးရေ
ဒီဝေဒနာအမြန်လာကုစားကွယ်
အန္တာရာယ်တွေ အကုန်ကျော်ဖြတ်မယ်
မင်းဘေးနားနားအမြဲတမ်းရှိချင်လို့
ယုံကြည်ပါကွယ်ရှောင်ဖယ်လို့မပြေးနဲ့
ကြင်နာစရာတွေသယ်ဆောင်လာပေးမယ်
အချစ်ရယ် မင်းလေးရှိရင် အားလုံးပြည့်စုံတယ်
ငါကြိုးစားလိုက်မယ်
ချစ်ခြင်းတရားတို့ဟူသည်ရယ်
လေးနက်တဲ့ အဓိပ္ပာယ်