သီချင်း - ငွေစက္ကူ ၇ရွက်
တေးဆို - Eternal Gosh
ပဋ္ဌာန်းဆက်နဲ့ ငါလက်ထဲကို
အမှောင်တွေရောက်လာ
သိမ်းထားလို့မရတော့တဲ့အခါ ဒုက္ခရောက်လာ
လောဘနဲ့ရမ္မက်က စိတ်ကိုပြုစားထား
ကိုယ်စောင့်နတ်က အိပ်ငိုက်ချိန်
နတ်ဆိုးရောက်လို့လာ
ရိုးသားစွာ ဘဝကိုရုန်းကန်လှုပ်ရှားသူ
အဆင်မပြေမှု များလာတဲ့အခါ
ထွက်ပေါက်တစ်ခုကိုရှာ
အကုသိုလ်ငရဲလို လမ်းတွေနဲ့မကင်းသူ
လူမိုက်တစ်ဦးဖြစ်စေဖို့ အန္တရာယ်လမ်းကိုဖန်ဆင်း
ကယ်သူမဲ့ရင်ခွင် ရွှေဘုံစံဖို့ခုန်ဆင်း
သွေးစက်တွေစွန်းထင်းခဲ့ပြီ ငွေစက္ကူ ၇ရွက်
လက်ဆင့်ကမ်း ဒုတိယဘုရားသခင်လို့
တန်ဖိုးထားတာ ကိုးစာယုံကြည်တပ်မက်ခြင်း
ကျိန်စာနောက်လိုက်လို့သွားရင်
ပြန်လမ်းမရှိဘူး ငွေနတ်ဆိုး ငွေနတ်ဆိုး
ဖျက်ဆီးခဲ့တဲ့ ဘဝများစွာ
ခမ်းနားတဲ့ဘဝတစ်ခု ဖြစ်စေခဲ့သောအရာ
အိပ်မက်နောက်တကောက်ကောက်လိုက်ကာ
လမ်းခုလတ်မှာ ဆူးခလုတ်တို့ကြောင့်မိုး
သွေးခြေရာများစွာ ဆက်လျောက်ဖို့စိတ်ဓာတ်ကျ
ဖြတ်လမ်းဘက်ရောက်လာ
အကုသိုလ်ငရဲလို လမ်းတွေနဲ့ မကင်းသူ
လူမိုက်တစ်ဦးဖြစ်စေဖို့ အန္တရာယ်လမ်းကိုဖန်ဆင်း
ကယ်သူမဲ့ရင်ခွင် ရွှေဘုံစံဖို့ခုန်ဆင်း
သွေးစက်တွေစွန်းထင်းခဲ့ပြီ ငွေစက္ကူ ၇ရွက်
လက်ဆင့်ကမ်း ဒုတိယဘုရားသခင်လို့
တန်ဖိုးထားတာ ကိုးစာယုံကြည်တပ်မက်ခြင်း
ကျိန်စာနောက်လိုက်လို့သွားရင်
ပြန်လမ်းမရှိဘူး ငွေနတ်ဆိုး ငွေနတ်ဆိုး
ဖျက်ဆီးခဲ့တဲ့ ဘဝများစွာ
ငွေနတ်ဆိုး
(သွေးစက်တွေစွန်းထင်းခဲ့ပြီ ငွေစက္ကူ ၇ရွက်)
အို သွေးစက်တွေစွန်းထင်းခဲ့ပြီ ငွေစက္ကူ ၇ရွက်
လက်ဆင့်ကမ်း ဒုတိယဘုရားသခင်လို့
တန်ဖိုးထားတာ ကိုးစာယုံကြည်တပ်မက်ခြင်း
ကျိန်စာနောက်လိုက်လို့သွားရင်
ပြန်လမ်းမရှိဘူး ငွေနတ်ဆိုး ငွေနတ်ဆိုး
ဖျက်ဆီးခဲ့တဲ့ ဘဝများစွာ