လမင်းရေးသော တမ်းချင်း
Eternal Gosh
##SOS—rOCK—sEA—SOS##
သူစိမ်းလို့မပြောပါနဲ့
ရင်းနှီးချင်သူအပြစ်ဖြစ်သွားလို့ပါ
သက်ဆိုင်ဖို့ရာအခွင့်မသာတော့ရင်
နောက်ဆုတ်သွားမှာပါ
မောင်းထုတ်ပစ်လိုက်မှာလား
ကစားဖို့အရုပ်တစ်ရုပ်ရသလိုပျော်ပြီး
မင်းကစားတော့မှာလား
စေတနာထား ရက်စက်တော့မှာလား
အိပ်မက်ထဲမှာပဲနေပါရစေကွယ်
ဝင်မလာစေချင်လဲကွယ်
အရသာရှိစွာ ခံယူဦးမယ်
အလွမ်းက တဆတ်ဆတ် နာတယ်
တကယ်ဆို တားဆီးထားတဲ့စည်းတွေရှိတာကို
နားလည်ပါတယ်
မင်းကသနားရင်တော့ ဇွဲဆု
ငါ ကံမကောင်းခဲ့ရင်
လမင်းလေး
မင်းကတော့သိနိုင်မယ်မထင်ဘူး
မင်းကိုညစဉ် ကြိတ်ပြီး ရူး
ရင်ထဲမှာ မောတာမရပ်သေးဘူး
လမင်းလေး
မင်းကတော့သိနိုင်မယ် မထင်ဘူး
အခွင့်ရေးလေးရှိရင်
မင်းရှေ့မှောက်ခစားချင်တယ်
မင်းအနားရှိချင်ခဲ့တာ ရှိချင်ခဲ့တာ
ငါမြတ်နိုးလွန်းးလို့
........
သူစိမ်းလို့မပြောပါနဲ့
ရင်းနှီးချင်သူ အပြစ်ဖြစ်သွားလို့ပါ
သက်ဆိုင်ဖို့ရာ အခွင့်မသာခဲ့ရင်
နောက်ဆုတ်သွားမှာပါ
သစ္စာအဓိပတိ အနမ်းများခြွေရာ
ငါ့နှလုံးသား ဥယျာဉ်က
တစ်လောကလုံးသိအောင်
အော်ပြောလိုက်ချင်
မင်းကိုတန်ဖိုးထားတဲ့ အကြောင်းတွေကို
အိပ်မက်ထဲမှာပဲနေပါရစေကွယ်
ဝင်မလာစေချင်လဲကွယ်
အရသာရှိစွာ ခံယူဦးမယ်
အလွမ်းက တဆတ်ဆတ် နာတယ်
တကယ်ဆို တားဆီးထားတဲ့
စည်းတွေရှိတာကို နားလည်ပါတယ်
မင်းကသနားရင်တော့ ဇွဲဆု
ငါကံမကောင်းခဲ့ရင်
လမင်းလေး
မင်းကတော့သိနိုင်မယ် မထင်ဘူး
မင်းကိုညစဉ် ကြိတ်ပြီး ရူး
ရင်ထဲမှာ မောတာမရပ်သေးဘူး
လမင်းလေး
မင်းကတော့သိနိုင်မယ်မထင်ဘူး
အခွင့်ရေးလေးရှိရင်
မင်းရှေ့မှောက် ခစားချင်တယ်
မင်းအနားရှိချင်ခဲ့တာ ရှိချင်ခဲ့တာ
ငါ မြတ်နိုးလွန်းလို့
......
...SOLO...
လမင်းလေး
မင်းကတော့သိနိုင်မယ် မထင်ဘူး
မင်းကိုညစဉ် ကြိတ်ပြီး ရူး
ရင်ထဲမှာ မောတာမရပ်သေးဘူး
လမင်းလေး
မင်းကတော့သိနိုင်မယ်မထင်ဘူး
အခွင့်ရေးလေးရှိရင်
မင်းရှေ့မှောက် ခစားချင်တယ်
မင်းအနားရှိချင်ခဲ့တာ ရှိချင်ခဲ့တာ
ငါ မြတ်နိုးလွန်းလို့....
THANKYOU