ပစ္စုပ္ပန်တွေက
အတိတ်တွေဖြစ်သွားလဲ
အတိတ်ဟာကံပါပဲ
အဲ့ကံတွေကြောင့်
တန်ပြန်လာမဲ့
အရိပ်ဟာ သံသရာလည်
အိပ်စရာ ဝရံတာရဲ့ဘေးကလူ
စိတ်အနာဒဏ်ရာနဲ့
ညီမလေးတို့ မင်္ဂလာပွဲ
အစ်ကို့အတွက်ဖိတ်စာမချန်ပါနဲ့
မိဘချင်းချိတ်တာဆိုပီး
ခေါင်းတွေညိတ်ကာခံလာခဲ့
တန်ရာတန်ရာတဲ့ ဟုတ်လား
အေး နင်မှန်ပါတယ်
ဘိတ်သိတ်ဆရာဘေးက
နင့်ရဲ့ကောင် ပြိတ္တာခန္ဓာနဲ့
သစ္စာဖောက်တာလား ညီမလေး
(အစ်ကိုကသိပ်ကဗျာဆန်တာပဲ)
နင့်ဘက်ကကြည့်တော့
ငွေတမျက်နာစာ
အဲ့တော့လမ်းခွဲလိုက်
နင့်တစ်မျိုးလုံး ကျေနပ်မှာပါ
ပီးမှရေစက်ပါတာ
မပါတာ မပြောနဲ့
ငါ့ရဲ့အချစ်က နေစကြာဝဠာ
တခုစာလောက်
အရေအတွက်ပမာဏ
နားလည်လား
အဆင့်အတန်းတွေကွာဟတဲ့အခါ
အချစ်ကိုမြင်နိုင်ဖို့
မျက်နှာဖုံးလေးတော့ခွာချခဲ့ပါ
ဘဝကငါရေးဖူးတဲ့သီချင်းထဲကလို
နာရတဲ့ကဗျာ
သူဋ္ဌေးသမီးနဲ့ဆင်းရဲ့သား
ညားတယ်ဆိုတာ မြန်မာကားထဲမှာ
ကံပါသလောက်ချစ်ခဲ့ပြီးပီပဲ
မဆုံနိုင်မှနင်ဘာတွေကြောင့်မို့
ရန်တွေဖွဲ့
နင်မယုံကြည်လဲဖူးစာဟာဆန်းကြယ်
ပင်လယ်တစင်းရဲ့ ရွက်လှေငယ်
ဒီဆိပ်ကမ်းမှာခိုနားဖို့
ဘယ်နတ်ဘုရားတို့ စီမံထားလဲ
ငါဟာလေနှင်ရာပါပဲ
ငါဟာလေနှင်ရာအတိုင်းပဲ
ရမလားဆိုပြီး
ငါ့သိက္ခာလေးကိုလာလာထိချင်
မြေနိမ့်ရာဘက်ကို
လှံကလေးနဲ့ နာနာဖိချင်
ဂုဏ်ငွေအာဏာပါဝါမရှိရင်
မျက်နှာချင်းဆိုင်ပီးတောင်
ကြာကြာမကြည့်ချင်ဘူးဆိုတဲ့
နင့်ရဲ့မာတာမိခင်
အတ္တတွေမကြီးပါနဲ့ အန်တီ
သေခါနီးအချိန်ခဏလေး
မှောင်နေတဲ့ကိုယ့်ဘဝကို
အလင်းရောင်ပေးနိုင်မဲ့
မီးအိမ်ရှာဖွေ
အန်တီရဲ့သမီးအလိမ္မာလေးကိုသုံးပြီး
အဿပြာလေးတွေရှာ
အန်တီသားအလှည့်ကျ
ဝဋ်မလည်ဖို့အတွက်
ယတြာလေးချေထား
( တော်ပြီလို့ပြောနေတယ်လေ )
သတို့သမီးအရံလုပ်မယ်ပြောတဲ့
နင့်ရဲ့ဘော်ဒါလေးတချို့
အပြောင်းအလဲမြန်ချက်က
မှန်းရခက်တဲ့ ဒေါ်လာဈေးလို
အစ်ကိုတို့နှစ်ယောက်ကညားမှာ
ရုပ်ချင်းအသေဆင်တယ်
ပြောခဲ့တဲ့ပါးစပ်လေးတွေကို
မြောင်းရေနဲ့
ပါးလုတ်ကျင်းစေချင်တယ်
ဟန်းနီးမွန်းက Over Sea လား
ငါတို့အတူသွားချင်ခဲ့တဲ့နေရာလေး
ဆိုတာသိရတော့ ပိုနာကျဉ်းရ
မျက်လုံးထဲကတိမ်တွေ
ပါးပြင်ပေါ်ကိုပြိုကာပိကျ
ဟေ့ ဒီမှာ မိုနာလီဇာ
ငါမင်းရဲ့ Joker ကြီးပါ
ဟုတ်လား
ကံပါသလောက်ချစ်ခဲ့ပြီးပီပဲ
မဆုံနိုင်မှနင်ဘာတွေကြောင့်မို့
ရန်တွေဖွဲ့
နင်မယုံကြည်လဲဖူးစာဟာ ဆန်းကြယ်
ပင်လယ်တစင်းရဲ့ ရွက်လှေငယ်
ဒီဆိပ်ကမ်းမှာခိုနားဖို့
ဘယ်နတ်ဘုရားတို့ စီမံထားလဲ
ငါဟာလေနှင်ရာပါပဲ
ငါဟာလေနှင်ရာအတိုင်းပဲမျောခဲ့
အဲ့ငွေ စက္ကူလေးတွေနောက်နင်
တကောက်ကောက်လိုက်ပါသွားတဲ့နောက်
မစားနိုင် မသောက်နိုင်
ငါ့မှာနေ့တွေညတွေလဲပျောက်
ဘာမီတွန်တွေပါသောက်
အိပ်တော့လဲ စိတ်ကစွဲပီး
နင့်မဂ်လာပွဲရောက်
ရေခဲမုန့်လေး တွေနင့်ကို
ခွံ့ကျွေးတော့
ငါ့မှာတဖတ်သက်စိတ်တွေကောက်
လေနှင်ရာအတိုင်းပဲ
လေနှင်ရာအတိုင်းပဲ
လေနှင်ရာအတိုင်းပဲ