menu-iconlogo
huatong
huatong
avatar

အလင်္ကာညချမ်း

Jewel/တိုးခိုင်huatong
𝓐𝓝𝐂𝓱𝓪𝓷✰✰✰huatong
歌詞
作品
" အလင်္ကာညချမ်း "

ကန်ရေပြင်မှာ

လဝန်းကြီး အရိပ်ထင်နေ

ညှင်းသွဲ့ စီးငြိမ့်လေအေး

လှေကလေးနဲ့ ရွက်လွှင့်လို့ရယ်

ပဒုမ္မာရဲ့ အဆင်း

ကြာပန်းခင်းထဲမှာကွယ်

ချိုးလို့ ခူးဆွတ်တဲ့ပန်း

ဆင်မြန်းဖို့ရွယ် ကမ်းဆက်မယ်

ဒါလီကြော့မှူး သက်ပိုင်

ချစ်သူ့ နှုတ်ခမ်း

သန္တာနုသွေးလိမ်းခြယ် လှရက်လေစမ်း

စမ်းရေကလည်း ဖြူးဖြူး

အနမ်းတွေကလည်း မူးမူး

စိမ်းရောင်စုံ မော်ရုံကွေ့မှာ

လှိုင်းကလေး ရိုက်ခတ်လို့နေတယ်

တိမ်တွေ အလယ်မှာ

လဝန်းကြီး ပုန်းကွယ်နေ

မသဲမကွဲ တဖွဲဖွဲသက်ဆင်း

မြူနှင်းတို့ လွှမ်းထားတော့ကွယ်

ကြယ် ခုနှစ်စဉ်အလင်း

လှသော ညရဲ့ရှုခင်း

တို့ရဲ့ အချစ်တို့အပ်နှင်း

ကြည်နူးခြင်း ခိုင်မြဲရစေ

ကန်ရေပြင်မှာ

လဝန်းကြီး အရိပ်ထင်နေ

ညှင်းသွဲ့ စီးငြိမ့်လေအေး

လှေကလေးနဲ့ ရွက်လွှင့်လို့ရယ်

ပဒုမ္မာရဲ့ အဆင်း

ကြာပန်းခင်း ထဲမှာကွယ်

ချိုးလို့ ခူးဆွတ်တဲ့ပန်း

ဆင်မြန်းဖို့ရွယ် ကမ်းဆက်မယ်

ဒါလီကြော့မှူး သက်ပိုင်

ချစ်သူ့ နှုတ်ခမ်း

သန္တာနုသွေးလိမ်းခြယ် လှရက်လေစမ်း

စမ်းရေကလည်း ဖြူးဖြူး

အနမ်းတွေကလည်း မူးမူး

စိမ်းရောင်စုံ မော်ရုံကွေ့မှာ

လှိုင်းကလေး ရိုက်ခတ်လို့နေတယ်...

更多Jewel/တိုးခိုင်熱歌

查看全部logo