menu-iconlogo
huatong
huatong
avatar

ရွှေမန်းသူလေး

Khin Maung Htoohuatong
nicomorihuatong
歌詞
作品
သီချင်း - ရွှေမန်းသူလေး

တေးဆို - ခင်မောင်ထူး

ရွှေမန်းသူလေး

ဘီးကလေးစီး စီးလို့နင်းကာသွား

မြင်မြင်သူ အသည်းမှာစွဲလို့မူး

အသည်းလေး ထိန်းလို့မရတော့ဘူး

ရွှေမန်းသူလေး

ဘီးကလေးစီး စီးလို့နင်းကာသွား

မြင်မြင်သူ အသည်းမှာစွဲလို့မူး

အသည်းလေး

ထိန်းလို့မနိုင်တော့ဘူး

မင်းကလေးကပဲလှသလား

မန္တလေးဈေးချိုအနား

မန္တလေးကျုံးရဲ့ရေ

စီးဆင်းအေးသလိုပဲ

အသည်းထဲမှာ စီးဝင်လာသူလေးရေ

တို့ကပဲနှလုံးသားနုလို့လား

အားလပ်ရက်ခရီးသွား

တစ်ယောက်ရဲ့နွေလေး

အေးချမ်းသွားပေါ့ကွယ်

ရွှေမန်းသူလေး

မင်းလေးရဲ့ အချစ်ရဲ့အရိပ်ကိုတိုး

အကြင်နာတွေ

မန်းတောင်အရိပ်ထက်မိုး

အသက်ထက်ဆုံး စိုးမိုးထားဦးမလား

ရွှေမန်းသူလေး

ဘီးကလေးစီး စီးလို့နင်းကာသွား

မြင်မြင်သူ အသည်းမှာစွဲလို့မူး

အသည်းလေး ထိန်းလို့မနိုင်တော့ဘူး

မင်းကလေးကပဲလှလွန်း

ဖမ်းစားညှို့နိုင်လွန်း

သက်ရှိသက်မဲ့မဆို

ဖမ်းစားတော့မလို့လား

မန္တလေးရဲ့ ဈေးချိုနာရီကြီးတောင်

ငုံ့လို့ကြည့်လိုက်သလား

တဒိတ်ဒိတ်နဲ့တို့ရင်ထဲ

စိုးမိုးသွားပေါ့ကွယ်

ဘယ်လိုစာစီပြောမလဲ

လုံးဝမစဉ်းစားရဲ

စာလုံးလေးများက မမှီမကမ်း

မင်းလေးသိရဲ့လား

ရွှေမန်းသူလေး

မင်းလေးရဲ့ အချစ်ရဲ့အရိပ်ကိုတိုး

အကြင်နာတွေ

မန်းတောင်အရိပ်ထက်မိုး

အသက်ထက်ဆုံး စိုးမိုးထားဦးမလား

ရွှေမန်းသူလေး

ဘီးကလေးစီး စီးလို့နင်းကာသွား

မြင်မြင်သူ အသည်းမှာစွဲလို့မူး

အသည်းလေး ထိန်းလို့မနိုင်တော့ဘူး

ရွှေမန်းသူလေး

ဘီးကလေးစီး စီးလို့နင်းကာသွား

မြင်မြင်သူ အသည်းမှာစွဲလို့မူး

အသည်းလေး ထိန်းလို့မရတော့ဘူး

ရွှေမန်းသူလေး

ဘီးကလေးစီး စီးလို့နင်းကာသွား

မြင်မြင်သူ အသည်းမှာစွဲလို့မူး

အသည်းလေး ထိန်းလို့မနိုင်တော့ဘူး

更多Khin Maung Htoo熱歌

查看全部logo