သီချင်း - ဥသြ
တေးဆို - M Zaw Rain
ကျောင်းပိတ်လို့အိမ်ပြန်ရင်
နှုတ်ဆက်တော့ရင်ထဲကြွေ
မင်းသွားတော့ငါပဲ
တစ်ယောက်တည်း ရင်ကွဲစိတ်တွေလေ
ဟိုးဝေးဝေးကွယ်ရာဆို
လျှောက်လိမ့်လို့မနေနဲ့လေ
နားထဲလည်းနွေမိဥဩသံများကြားယောင်နေ
ငါမရှိတုန်းဟေ့ ငြိမ်ငြိမ်လေးသာ
မင်းရဲ့အမေနဲ့နေ
အိမ်မှာအမြဲနေပါ တယ်လီဖုန်းတွေလာရင်
ခဏခဏထကိုင် မနေနဲ့ဦးလေ
နွေကျောင်းပိတ်လေး တို့ဆွေးဖို့လားအချစ်
နောက်ဆုံးအရိပ်လေး ကိုယ်ငေးကြည့်ရင်းဆွေး
ချစ်ခဲ့ကြတဲ့အဖြစ်လေးတွေ အာ ဟာ ဟာ
သတိရလိုက်ဦးလေ
ကျောင်းဖွင့်လို့ပြန်လာရင်
သူစိမ်းတစ်ယောက်နဲ့ မလာနဲ့လေ
ငါ့ညည အိပ်မက်တွေလည်း
သိပ်ပြီးဆိုးတယ်လေ
ဟိုးဝေးဝေးကွယ်ရာဆို
လျှောက်လိမ့်လို့မနေနဲ့လေ
နားထဲလည်းနွေမိဥဩသံများကြားယောင်နေ
ငါမရှိတုန်းဟေ့ ငြိမ်ငြိမ်လေးသာ
မင်းရဲ့အမေနဲ့နေ
အိမ်မှာအမြဲနေပါ တယ်လီဖုန်းတွေလာရင်
ခဏခဏထကိုင် မနေနဲ့ဦးလေ
နွေကျောင်းပိတ်လေး တို့ဆွေးဖို့လားအချစ်
နောက်ဆုံးအရိပ်လေး ကိုယ်ငေးကြည့်ရင်းဆွေး
ချစ်ခဲ့ကြတဲ့အဖြစ်လေးတွေ အာ ဟာ ဟာ
သတိရလိုက်ဦး
နွေကျောင်းပိတ်လေး တို့ဆွေးဖို့လားအချစ်
နောက်ဆုံးအရိပ်လေး ကိုယ်ငေးကြည့်ရင်းဆွေး
ချစ်ခဲ့ကြတဲ့အဖြစ်လေးတွေ အာ ဟာ ဟာ
သတိရလိုက်ဦး