သီချင်း : ရေခဲရိုက်အပြုံး
တေးဆို : မိစန္ဒီ
အနာမကျက်သေးပါ
အခုထက်ထိငါ
အိပ်မက်များထဲ
ခဏခဏမင်းအကြောင်းတွေပဲ
ရင်မှာမင်းအသံ
မင်းအငွေ့အသက်တွေ
ခံစားလို့ရတုန်း
မင်းအနား ရောက်နေသလို….
ရင်ခုန်စရာအနမ်းတွေ
ရင်ခုန်စွာမျှေ၀ ခြင်းများလည်း
အို အကြိမ်ကြိမ်မရှိခဲ့
အနေတွေသိပ် မနီးလည်း
ဒီသံယောဇဉ်
မသိစိတ်က
ခိုင်မာစွာတည်ဆောက်ခဲ့
ငါယုံကြည်မိပါတယ်
မသေချာလည်း
ငါအခါတစ်ရာလွမ်းရင်
မင်းတစ်ခေါက်လောက်
သတိရမယ်လို့
အို မထင်မှတ်ပဲ
အပြင်မှာဆုံလေတိုင်း
ငါသေချင်မိတယ်
ဘာမှမဖြစ်ခဲ့သလိုမျိုး
နင်ပြုံးပြနေလို့ အိုး ဟို..
နင်ပြုံးပြနေလို့ ဟိုး
ဟန်ဆောင်ပြီးကွာ
အပျော်ကစားခဲ့ခြင်းလား
ဒါမှမဟုတ် ခဏအရူးထ
ချစ်ခဲ့သလား
တဒင်္ဂပေးတဲ့
ချစ်ခြင်းနဲ့အယုအယတွေ
ထင်နေတုန်းပဲ
ဒါမှန်လို့ မဟုတ်ခဲ့ပေမယ့်
ရင်ခုန်စရာနေ့တွေ
ရင်ခုန်စရာအဖြစ်တွေ
အိုး အမှတ်တရများ
အလွန်နည်းလည်း
ဘယ်လိုတွေနင်လုပ်လဲ
တကယ်တော်လွန်းတယ်
မလွတ်မြောက်ခဲ့
အလူးအလဲ ဒဏ်ရာများနဲ့
ငါယုံကြည်မိပါတယ်
မသေချာလည်း
ငါအခါတစ်ရာလွမ်းရင်
မင်းတစ်ခေါက်လောက်
သတိရမယ်လို့
အို မထင်မှတ်ပဲ
အပြင်မှာဆုံလေတိုင်း
ငါသေချင်မိတယ်
ဘာမှမဖြစ်ခဲ့သလိုမျိုး
နင်ပြုံးပြနေလို့ အိုး ဟို..
နင်ပြုံးပြနေလို့ ဟိုး
သတင်းတွေ ကြားမိပါတယ်
ဟိုလူဒီလူဆီက တစ်ချက်ချက်
တောင်စောင်းမှာ ရပ်နေရသလို
နင့်အကြောင်းကြားရင်
ရင်တွေတလှပ်လှပ်
ပျော်စရာတွေလုံးဝနည်းလာ
နင်နဲ့ပြတ်ခဲ့ ပြီးနောက်ရက်ဆက်
ဒီအလွမ်းတွေ
ွငါ့ကိုသတ်နေတယ်
ငါနင့်ဆီဖုန်းတွေ
ဆက်ချင်လည်း
မလုပ်နဲ့ မိစန္ဒီ
နင်ဒီလောက်ထိ
အရှက်တွေမမဲ့နဲ့
ငါ့အသည်းလည်း
မရှိတော့ဘူး
ဖွာလန်ကြဲလို့
အက်နေခဲ့တယ်
ဘယ်လို feeling ထည့်ခဲ့လဲ
နင်အိုက်တင်
အရမ်းကိုပီပြင်ခဲ့
အကယ်ဒမီ
ဆုအဖြစ်ပေးမယ်
နှလုံးသားယူသွား ရင်ကိုခွဲ
ငါနင့်ကိုမုန်းတယ်
နင်ငါနဲ့တွေ့ရင် မပြုံးနဲ့
ဒီအပြုံးတွေ သိမ်းပိုက်ခဲ့တာ
ငါပိုင်ဆိုင်ထားသမျှ
အကုန်လုံးပဲ
နင်ကဘီလူးခေါင်းနဲ့
မင်းသားမဟုတ်ဘူး
ဒီထက်ဆိုးတယ်
မင်းသားခေါင်းဆောင်းထားတဲ့
ဘီလူးကြီးသတ်ချင်လောက်အောင်
မုန်းတယ်
ငါနင့်ကိုမုန်းမှာပေါ့
အခုထိမေ့လို့မှမရတာကို
ငါနင့်ကိုမုန်းမှာပေါ့
အခုထိချစ်လို့မှမဝတာကို
ငါနင့်ကိုမုန်းမှာပေါ့
နှလုံးသားကတောင့်တသေးတာမို့
ငါနင့်ကိုမုန်းမှာပေါ့ နင်ငါ့ဘက်
တစ်ချက်မှမတွေးတာမို့
ရေခဲရိုက်ထားတဲ့
မျက်နှာထားနဲ့
အေးစက်စက်အပြုံး
နောင်တနဲ့ ထောင်ကျခဲ့
ငါ့အဖြစ်ကဆိုး
အရမ်းကြောက်သွားတယ်
ချောက်ခြားဖွယ် မင်းအတ္တတို့
ရှောင်ရှားကွယ် မြင်ကွင်းထဲ
ဘယ်တော့မှပေါ်မလာဖို့
ငါယုံကြည်မိပါတယ်
မသေချာလည်း
ငါအခါတစ်ရာလွမ်းရင်
မင်းတစ်ခေါက်
်လောက်သတိရမယ်လို့
အို မထင်မှတ်ပဲ
အပြင်မှာဆုံလေတိုင်း
ငါသေချင်မိတယ်
ဘာမှမဖြစ်ခဲ့သလိုမျိုး
နင်ပြုံးပြနေလို့ အိုး ဟို..
နင်ပြုံးပြနေလို့ ဟိုး....