သမုဒယပြာသိုနှင်း
နှင်းဝေသောလမ်းကလေးမှာ
စောင့်နေပါဦးမယ်
ပြာသိုသမုဒယနှင်းတွေ
ကြွေချိန်အမှီ
ပြန်လာမယ့်သူကြီးရေ
ခွာညိုပန်းတွေပွင့်ပြီ
လှည့်စားသွားပြီထင်ပါတယ်...
ဆောင်းညလရောင်အောက်မှာ
တို့စောင့်နေမယ်မှန်း
မင်းကသိရဲ့သားနဲ့
စိမ်းကားတစ်ကမ္ဘာဆီ
ချစ်သူနဲ့အတိတ်ဘဝဆောင်းကို
လွမ်းနေခွင့်ပေးပါ
အပြင်မှာသမုဒယနှင်းတွေ
ဝေနေသလို
ဒီရင်ထဲမှာလည်း
ထာဝစဉ်မျက်ရည်များသည်
ရေခဲမြစ်ပမာတည်နေဆဲ....
မင်းကိုမေ့လို့မရသူ
အလွမ်းတေးဆိုသံများ
မင်းတစ်ယောက် အဝေးကကြားရင်
တို့ရှိရာပြန်လာ
အခုတော့လည်း နှင်းတွေဝေမြဲဝေ...
အနှစ်မပါတဲ့သမုဒယချစ်သူ
မင်းကရောက်မလာနိုင်
တို့တတွေဝေးပြီခွာညိုရေ
ဆောင်းရောက်တိုင်းမှာငိုမိတယ်
နှင်းမဝေသောဆောင်းဦးညတွေ
ရှိရာကမ္ဘာတစ်ခုဆီ
တကယ်ပါတို့ထွက်သွားချင်ပါပြီ
ပြာသိုလရောက်တိုင်းမှာ
ခွာညိုပန်းတွေနဲ့အတူ
ညတိုင်းစောင့်ကြိုနေသောလည်း
အခုတော့တို့တစ်ယောက်ထဲသာ
အလွမ်းနဲ့ကျန်နေခဲ့
သမုဒယဆောင်းဇာတ်လမ်းကို
တေးဖွဲ့သီကာဆို
နှင်းဝေသောလမ်းကလေးမှာ
စောင့်နေပါဦးမယ်
ပြာသိုသမုဒယနှင်းတွေ
ကြွေချိန်အမှီ
ပြန်လာမယ့်သူကြီးရေ
ခွာညိုပန်းတွေပွင့်ပြီ
လှည့်စားသွားပြီထင်ပါတယ်...
ဆောင်းညလရောင်အောက်မှာ
တို့စောင့်နေမယ်မှန်း
မင်းကသိရဲ့သားနဲ့
စိမ်းကားတစ်ကမ္ဘာဆီ
ချစ်သူနဲ့အတိတ်ဘဝဆောင်းကို
လွမ်းနေခွင့်ပေးပါ
အပြင်မှာသမုဒယနှင်းတွေ
ဝေနေသလို
ဒီရင်ထဲမှာလည်း
ထာဝစဉ်မျက်ရည်များသည်
ရေခဲမြစ်ပမာတည်နေဆဲ....
မင်းကိုမေ့လို့မရသူ
အလွမ်းတေးဆိုသံများ
မင်းတစ်ယောက် အဝေးကကြားရင်
တို့ရှိရာပြန်လာ
အခုတော့လည်း နှင်းတွေဝေမြဲဝေ...
အနှစ်မပါတဲ့သမုဒယချစ်သူ
မင်းကရောက်မလာနိုင်
တို့တတွေဝေးပြီခွာညိုရေ
ဆောင်းရောက်တိုင်းမှာငိုမိတယ်
နှင်းမဝေသောဆောင်းဦးညတွေ
ရှိရာကမ္ဘာတစ်ခုဆီ
တကယ်ပါတို့ထွက်သွားချင်ပါပြီ
ပြာသိုလရောက်တိုင်းမှာ
ခွာညိုပန်းတွေနဲ့အတူ
ညတိုင်းစောင့်ကြိုနေသောလည်း
အခုတော့တို့တစ်ယောက်ထဲသာ
အလွမ်းနဲ့ကျန်နေခဲ့
သမုဒယဆောင်းဇာတ်လမ်းကို
တေးဖွဲ့သီကာသီဆို