သီချင်း - နှင်းပျောက်တဲ့နွေ
တေးဆို - Myint Zu Thin
နှင်းငွေရောင်ဖြူလွှတူစွသန္တာပေ
ငွေရည်ပုလဲနုတို့
စုကာဖြန်းတော့လန်းဆန်းစိုပြည်
နှင်းတွေဝေကျဆောင်းဟေမန္တ
ပြောင်းနှောင်းပြန်တော့လေ
ဟောင်းရွက်ကြွေမြေမှာခ
ကြွေကာကျတဲ့အခါသမယမှာပဲလေ
သြော်နွေဦးရောက်ပြီနှင်းလဲပျောက်ပြီလေ
နှင်းငွေရောင်ဖြူလွှတူစွသန္တာပေ
ငွေရည်ပုလဲနုတို့
စုကာဖြန်းတော့လန်းဆန်းစိုပြည်
နှင်းတွေဝေကျဆောင်းဟေမန္တ
ပြောင်းနှောင်းပြန်တော့လေ
ဟောင်းရွက်ကြွေမြေမှာခ
ကြွေကာကျတဲ့အခါသမယမှာပဲလေ
သြော်နွေဦးရောက်ပြီနှင်းလဲပျောက်ပြီလေ
နှင်းမှုန်ရီပုလဲငွေဥသဏ္ဍာန်တွေ
မေ့ရင်ထဲစွဲလမ်းမျှော်မှန်း
ရမ်းရော်နေဆဲမှာပဲ
ရာသီအချိန်နှောင်းညောင်းခဲ့ပေါ့လေ
လေရူးဆော်ကာနှောက်ချေတော့
ပျောက်လေပေါ့နှင်းရေနှင်းရေ
ကြည်ကြည်ဖြူဖြူပါလေ
ငွေမှုန်တွေခင်းသည်နှင်းနဲ့ပဲလေ
ပျော်ပွဲဆင်လို့နေ
ဘယ်ဝယ်ဘယ်လမ်းကိုဖြင့်
မြန်းသလေလွမ်းမပြေ
တမ်းတမျှော်ရင်းနှင်းနှင်းပျောက်တဲ့နွေ
ချစ်တဲ့သူနှင်းရေရင်တွင်းထဲမှာလေ
စွဲရစ်နှောင်ဖွဲ့ပါလို့
မျှော်လေတဲ့လွမ်းဘွဲ့ကိုစေ
ရည်တူမျှတသြော်ကြည်ဖြူရမှ
နှင်းကပေါ်မလာတော့ပေ
ချစ်တဲ့သူနှင်းရေရင်တွင်းထဲမှာလေ
စွဲရစ်နှောင်ဖွဲ့ပါလို့
မျှော်လေတဲ့လွမ်းဘွဲ့ကိုစေ
ရည်တူမျှတသြော်ကြည်ဖြူရမှ
နှင်းကပေါ်မလာတော့ပေ
ဟင်တကယ်တမ်းဆန်းစစ်တော့
အိမ်မက်လေလားဆောင်းနှင်းလေလား
စိတ်မှာထွေပြားမခွဲခြားနိုင်ခဲ့
ကြင်ဖော်မဲ့ကင်းတယ်လေ
နှင်းနှင်းပျောက်တဲ့
နွေဦးရောက်ပြီလေ
ချစ်တဲ့သူနှင်းရေရင်တွင်းထဲမှာလေ
စွဲရစ်နှောင်ဖွဲ့ပါလို့
မျှော်လေတဲ့လွမ်းဘွဲ့ကိုစေ
ရည်တူမျှတသြော်ကြည်ဖြူရမှ
နှင်းကပေါ်မလာတော့ပေ
ချစ်တဲ့သူနှင်းရေရင်တွင်းထဲမှာလေ
စွဲရစ်နှောင်ဖွဲ့ပါလို့
မျှော်လေတဲ့လွမ်းဘွဲ့ကိုစေ
ရည်တူမျှတသြော်ကြည်ဖြူရမှ
နှင်းကပေါ်မလာတော့ပေ
ဟင်တကယ်တမ်းဆန်းစစ်တော့
အိမ်မက်လေလားဆောင်းနှင်းလေလား
စိတ်မှာထွေပြားမခွဲခြားနိုင်ခဲ့
ကြင်ဖော်မဲ့ကင်းတယ်လေ
နှင်းနှင်းပျောက်တဲ့
နွေဦးရောက်ပြီလေ