menu-iconlogo
huatong
huatong
歌詞
作品
ခွင့်မလွှတ်ပါနဲ့

ငါ့အပြစ်တွေအတွက်

ဆိုးသွမ်းနေသူမင်းအတွက်အသုံးမဝင်အပေါင်းအသင်းတွေကြား

မင်းလေးမျက်နှာငယ်

ငါလိုကောင်ပစ်ထားခဲ့တော့ကွယ်

အမြဲတမ်းမင်းစိတ်ပူရ

အမြဲတမ်းမင်းသိက္ခာကျ

နင်ငိုနေတာငါ့ကြောင့်ပါပဲ

ငါပျော်ရွှင်တာနင့်ကြောင့်ပါပဲ

သဘောထားလေးကြီးစွာနဲ့

လုံးဝမင်းစိတ်မကုန်ခဲ့

Oh leave me leave me

But I love you baby

ငါလူဆိုး အိုးဟိုး

ငါလူဆိုး အိုးဟို

ဖြူစင်လွန်းတဲ့

မင်းရဲ့အချစ်တို့နဲ့မတန်တဲ့ငါ

ငါလူဆိုး အိုးဟိုး

ငါလူဆိုး အိုးဟို

ပျော်ရွှင်စရာများအသင့်ရှိတဲ့

ဘဝသစ်တစ်ခုသို့

နောက်မလှည့်နဲ့ထွက်သွားပါ

Baby စိတ်ညစ်နေလား

မေးခွန်းကိုမျက်ရည်စတွေငြင်းမရတာမို့

ရေးတေးတေးအတွေးလေးကြား

စိတ်မကောင်းတဲ့အကြောင်းများကို

စဉ်းစားတာ no

မကောင်းတဲ့လူတစ်ယောက်ကမင်းအနားမှာဆိုး

ချုပ်ခြယ်မှုအားလုံးကအကျဉ်းချတာမျိုး

မင်းကြားတဲ့သတင်းများကရှင်းမရတာဆိုးတယ်

ပြန်တွေးမိလိုက်တိုင်း မင်းအစားနာလို့

ထပ်တူကျကျတည်ဆောက်ခဲ့တဲ့

နေ့ရက်တွေကို မေ့ပစ်လိုက်ဆိုပြီး

ဘယ်လိုအစဖျောက်မလဲပြော

အခြားတစ်ယောက်တွဲပေါ့

ဘော်ဒါတွေကြားထဲမှာ

အမြဲတမ်းမင်းအပြောခံကာ

မျက်နှာငယ်ခဲ့ရတဲ့ အဖြစ်တွေက

ငါ့ကြောင့်ပဲပေါ့ ဘာကြောင့်ပဲပြောပြော လိမ်ညာကာ ဖန်တီးပြီး ပြောတတ်တဲ့ ပုံပြင်တွေ ဘာမှကို နားမယောက်နဲ့တော့ အသည်းကွဲလို့ ခံစားရလည်း ခဏလောက်ပဲပေါ့ မင်းဘေးကသူတွေ ငါရဲ့ မကောင်းတဲ့အကြောင်းတွေ ပြောရင်လာ တိုင်ပြောတတ်တယ် မင်းလေးကြားဖူးတဲ့ ပုံပြင်လို မဟုတ်တဲ့ အချစ်ဆိုတာ တိုင်တော့ ပတ်တယ် ဂိမ်းဆိုင်မှာ ဂိမ်းတွေပဲထိုင်ဆော့တတ်တဲ့ ကောင်လေးတစ်ယောက် သူ့ဖုန်းကို မကိုင်တော့ ခက်တယ်အခု ဆိုင်ပေမဲ့ အဆုံးသတ်မှာ မပိုင်တော့ ရှက်တယ် ရှုံးခဲ့တဲ့ ကစားပွဲလို မနိုင်တော့ခက်တယ်

ငါလူဆိုး အိုးဟိုး

ငါလူဆိုး အိုးဟို

ဖြူစင်လွန်းတဲ့

မင်းရဲ့အချစ်တို့နဲ့မတန်တဲ့ငါ

ငါလူဆိုး အိုးဟိုး

ငါလူဆိုး အိုးဟို

ပျော်ရွှင်စရာများအသင့်ရှိတဲဘဝသစ်တစ်ခုသို့

နောက်မလှည့်နဲ့ထွက်သွားပါ

လိုအပ်တိုင်းအမြဲမင်း ရှိနေပေးတဲ့ မင်းကြောင့် အိပ်မက်တွေ ပြောင်းလဲလာ မင်းအတွက်ဆို ဘယ်နေရာမှ အသုံးမဝင်တဲ့ ငါလိုကောင်လို မေ့ပစ်လိုက် မင်းရဲ့ခေါင်းထဲက ချိန်းဖထားတိုင်း နောက်ကျလို့ တစ်ယောက်ထဲသူ စောင့်ခဲ့တာ အားလုံးကို ဝဲပစ်လိုက် ဘေးနားက မြောင်းထဲမှာ မင်းချစ်ရတဲ့သူ မင်းအပေါ်ကို မကောင်းတဲ့ငါ မင်းအတွက်တော့ အချစ်ဆိုတာ လုံးဝကို ပျော်ရွှင်ဖို့ မကောင်းတဲ့အရာ ငါပြောသမျှ အားလုံးက ပြဿနာ မင်းကငါ့အနားမှာ ဖြစ်ချင်တာ ကပ်ခွါ အတိတ်တွေကို ပြန်ကြည့်ရင်း ကိုယ့်ကိုကိုယ် ရှက်လာတယ် အပြုံးများနဲ့ ကင်းမဲ့နေတဲ့ မင်းလေးရဲ့မျက်မှာ စဉ်းစားပြီး ဆုံးဖြတ်တာ မင်းလေးအတွက်ပါ ဖုန်းတွေ လိုက်ဆက်နေတာတွေကိုရပ်ပါ ပတ်သတ်မှုအားလုံးဟာ ဘာမှကို

မကောင်းခဲ့တော့ ဒီဘဝ ဒီမျှပဲပေါ့ နှုတ်ဆက်တယ် တာ့တာ ပေးထားတဲ့ ပို့စ်စကတ်တွေ ဖြဲကာဆုတ်လိုက်ပါ မင်းဘဝထဲကနေ အပြီးအပိုင်ထုတ်လိုက်ပါ တားမြစ်လို့ထားခဲ့တဲ့ ချုပ်ချယ်မှုတိုင်းအတွက် ငါမကြိုက်တာတွေကိုပဲ ရွေးကာလုပ်လိုက်ပါ ဒီအမှိုက်က မင်းအတွက် နည်းနည်းတော့ ရှုတ်လိုက်တာ တန်ဖိုး မရှိတဲ့ သုညကိုနှုတ်လိုက် စိတ်ညစ်မှန်းသိသာနေတဲ့ မျက်နှာလေးကိုပြုံးလိုက် မင်းအတွက်ကြောင့်ကျခဲ့တဲ့

မျက်ရည်တွေကိုသုတ်လိုက်

ငါရန်တွေဖြစ်တယ် မင်းဘက်က လိုက်ရှင်းခဲ့ရတာတွေ အတော်ကိုများခဲ့ပြီ မင်းမရှိမဖြစ်တာ ငါသိလျက် မင်းအတွက် ပါထားခဲ့ အခိုးအငွေ့တွေနဲ့ငါ ရုန်းထွက်လို့ မရတဲ့အချိန်မှာ နင်ဟာ လူကိုလမ်းပြတယ် မင်းမရှိ မဖြစ်တာ ငါသိလျက် လူဆိုးမို့ပါ ထားခဲ့

ငါလူဆိုး အိုးဟိုး

ငါလူဆိုး အိုးဟို

ဖြူစင်လွန်းတဲ့

မင်းရဲ့အချစ်တို့နဲ့မတန်တဲ့ငါ

ငါလူဆိုး အိုးဟိုး

ငါလူဆိုး အိုးဟို

ပျော်ရွှင်စရာများအသင့်ရှိတဲ့

ဘဝသစ်တစ်ခုသို့

နောက်မလှည့်နဲ့ထွက်သွားပါ

更多Oasix/ရွှေထူ熱歌

查看全部logo