သီချင်း - မီးအိမ်ရှင်
တေးဆို - Tun Tun
ကြွေကာလေမစဲ
နေပူပူတွေထဲပျံကာဝဲ
တောင်တန်းကြီးလည်း
ခိုက်ခိုက်တုန်တုန်နေစဉ်မှ
တောင်ပေါ်ကြွေတဲ့နှင်းထု
မြူခြေတွေရစ်ဆိုင်းငွေတိမ်လှိုင်း
တစ်တောင်လုံးမှိုင်းလို့လှမ်းမမြင်နိုင်
နှင်းခဲတွေကြွေနှင်းမိုးတွေရွာ
ချင်းမိခင်တောင်တန်းချမ်းနေတယ်
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျားဒန်ဒါဟေ့
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျားဒန်ဒါဟေ့
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျားဒန်ဒါဟေ့
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျားဒန်ဒါဟေ့
ထိုစဉ်ဟိုအဝေးမှန်အိမ်ငယ်ကလေး
တောင်ခြေမှတောင်ထွဋ်ဖျားအထိ
တရွေ့ရွေ့ညင်သာစွာလာနေ
တောင်ပေါ်ဆရာမလေး
စေတနာရှင်မလေး သူလာနေပြီ
ရင်တွင်းအမောဆို့နှင်းတွေစို
သွေးခဲမတက်အအေးဓာတ်ကို
ရင်ဆိုင်ကာတို့အတွက်လေ
ထက်မြက်တဲ့အခွင့်အရေးဖြစ်တဲ့
ပညာတွေသင်ပေးခဲ့….
တောင်တန်းမြေမှမီးအိမ်ရှင်မလေး
ဂရုဏာရှင်မလေးနှင်းတွေစို
ဟိုတနွေဆီကသူငယ်စဉ်တွယ်တာတဲ့
ကြင်နာသူမြေပြန့်သားလေးလိုက်လို့
လာခေါ်စဉ်အချိန်က
ကြင်နာသူတစ်ဖက်
တောင်ပေါ်မြေတစ်ဖက်ဒီအခက်အခဲ
လက်တွဲဖြုတ်လို့ခေါင်းခါခဲ့
နှင်းခဲတွေကြွေ နှင်းမိုးတွေရွာ
ချင်းမိခင်တောင်တန်းချမ်းနေချိန်
သွေးခဲမတက်အအေးဓာတ်ကို
ရင်ဆိုင်ကာတို့အတွက်လေ
ထက်မြက်တဲ့အခွင့်အရေးဖြစ်တဲ့
ပညာတွေသင်ပေးခဲ့….
တောင်တန်းမြေမှမီးအိမ်ရှင်မလေး
ဂရုဏာရှင်မလေးနှင်းတွေစို
တောင်တန်းမြေမှမီးအိမ်ရှင်မလေး