menu-iconlogo
huatong
huatong
avatar

မလွန်ဆန်နိုင်တဲ့ ခွဲခွာခြင်း

Twinklehuatong
Dè_Nwayhuatong
歌詞
作品
မလွန်ဆန်နိုင်တဲ့ ခွဲခွာခြင်း

by Twinkle

Ready !

လေလွင့်ခြင်း လမ်းမများထက်

ခြေရာမဲ့ ဦးတည်ရင်း

ခံစားချက်များနဲ့ ငါ့ တစ်ယောက်တည်း

ချည်နှောင်နေခဲ့ အမှတ်တရကြိုး

တို့ ဖြတ်တောက် မရနိုင်ခဲ့

ကြိုတင်သိထားခဲ့တယ်

အခြေအနေရဲ့ အဆုံးအဖြတ်ပဲ

ပျော်ရွှင်ခြင်း အိပ်မက်များနဲ့

ငါ တရေးနိုး ခဲ့ချိန်တိုင်း

ကျေနပ်ချက်များရယ် မမြဲ ခဏတာပဲ

မလွန်ဆန်နိုင်တဲ့ ခွဲခွာခြင်းတွေ

နောက်ဆုံး တို့အတွက် အဖြေပဲ

ပြန်ဆုံချိန်များလည်း

မရေရာ အိပ်မက်တစ်ခုလိုပဲ

တို့ ဝေးရမယ့် အခြေအနေတွေနဲ့

တို့ မဝေးရဲဘူး

ရင်မှာကြေကွဲ

နှုတ်ဆက်မျက်ရည်တွေ

ရင်မှာ အတားအဆီးမဲ့နေ

တကယ်ဆို တို့နှစ်ယောက် မဝေးချင်ဘူး

တို့ ဝေးရမယ့် အခြေအနေတွေနဲ့

တို့ မဝေးရဲဘူး

နာကျင်စွာနဲ့

နှုတ်ဆက်မျက်ရည်တွေ

ရင်မှာ အတားအဆီးမဲ့နေ

တကယ်ဆို တို့နှစ်ယောက် မဝေး.. ချင်ဘူး

Solo

ပြန်ဆုံမယ့်မနက်ဖြန်များလည်း

ငါရေတွက်မိနေဆဲ

ပူလောင်ခြင်းတွေနဲ့ နှုတ်ဆက်နေခဲ့

မတည်ငြိမ်တဲ့ စကားသံများနဲ့

သူပေးခဲ့ အနမ်းတွေလည်း

ကြင်နာသူမင်းနဲ့

ပြန်လည်ဆုံတွေ့မယ် မျှော်ဆဲ

တို့ ဝေးရမယ့် အခြေအနေတွေနဲ့

တို့ မဝေးရဲဘူး

ရင်မှာကြေကွဲ

နှုတ်ဆက်မျက်ရည်တွေ

ရင်မှာ အတားအဆီးမဲ့နေ

တကယ်ဆို တို့နှစ်ယောက် မဝေးချင်ဘူး

တို့ ဝေးရမယ့် အခြေအနေတွေနဲ့

တို့ မဝေးရဲဘူး

နာကျင်စွာနဲ့

နှုတ်ဆက်မျက်ရည်တွေ

ရင်မှာ အတားအဆီးမဲ့နေ

တကယ်ဆို တို့နှစ်ယောက် မဝေးချင်ဘူး

နှုတ်ဆက်မျက်ရည်တွေ

ရင်မှာ အတားအဆီးမဲ့နေ

တကယ်ဆို တို့နှစ်ယောက်

မဝေး.... ချင်ဘူး

更多Twinkle熱歌

查看全部logo